မူဆယ် – ဧပြီ ၂ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ အခြေစိုက်လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်း ကျားဖြန့်တွေမှာ တရားမဝင်လုပ်ကိုင်နေသူတွေကို တရုတ်နဲ့ပူးပေါင်းပြီး ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တရုတ်နိုင်ငံသား ၃၅၂ ဦး ကျား – ၃၃၇ ဦး၊ မ – ၁၅ ဦးနဲ့ မြန်မာနိုင်ငံသား ၄၆၈ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ဆိုထားပါတယ်။ 

ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် မန့်ဝိန်းဂိတ်မှတ်တဆင့် တရုတ်ရဲထပ်ဖွဲ့ထံ လွှဲပြောင်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ကျားဖြန့်လုပ်ကိုင်သူတွေကို ဖမ်းဆီးရမိမှုမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ဆန်းပိုင်းကနေ ဒီနှစ် ဖေဖော်ဝါရီလ ဆန်းပိုင်းအထိ ၅၀၆၁၉ ဦးရှိခဲ့ပြီး သူတို့တွေကို သက်ဆိုင် ရာနိုင်ငံတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား ၄၈၈၀၃ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီ ဝါဒဖြန့်မီဒီယာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.