March 2024

ဘီးလင်းတိုက်ပွဲအတွင်း အရပ်သား ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ဘီးလင်း၊ မတ် ၂၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ် သား ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မတ် ၂၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရွှေေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်နဲ့…

ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီပူးပေါင်းတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

ရေဖြူ၊ မတ် ၂၃ တနင်္သာရီတိုင်း ရေဖြူမြို့နယ် မင်းသားကျေးရွာရှိ စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မတ် ၂၃ ရက်နေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ တပ်အင်အား ၇၀ နီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းတပ်စခန်းကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဒီနေ့ မနက် ၅ နာရီခွဲအချိန်ခန့်က စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၇ နာရီခွဲအချိန်ခန့်မှာ စ…

စေတုတ္တရာမှာ စစ်ကောင်စီတပ်သားတွေ ဆက်ကြေးကောက်နေ

စေတုတ္တရာ – မတ် ၂၃ မကွေးတိုင်း၊စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ ဂိတ်ဖွင့်ပြီး ပြည်သူတွေဆီက ဆက်ကြေးကောက်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စေတုတ္တရာမြို့နယ်က ဗူးရွာနဲ့ တပွင့်ကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချပြီး ပြည်သူတွေအပေါ် ဖိနှိပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ “ကင်းစခန်းတွေမှာဆိုရင် နေ့စဉ်ရွာသားနှစ်ဦးက လာထိုင်ပေးရတယ်။ဘာလက်နက်မှရလို့ မဟုတ်ဘူး။ PDF တွေကလာတိုက်မှာစိုးလို့”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်ကောင်စီတပ်သားတွေ ကင်းလှည့်ရာမှာ…

ရေး-ထားဝယ်လမ်းပိုင်းမှာ PDF တွေ ဆက်ကြေးကောက်နေတယ်လို့ စစ်တပ်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းမှာ PDF တပ်တွေ ဆက်ကြေးကောက်နေတယ်လို့ စစ်တပ် ဝါဒဖြန့်မီဒီယာတွေမှာ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Snow Queen၊ကျော်စွာ၊ဟန်ငြိမ်းဦးနဲ့ မှိုင်းဝေစတဲ့ စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေ နဲ့…

စစ်မှုထမ်းခိုင်းတဲ့သူတွေကို တွေ့တဲ့နေရာမှာ ရှင်းလင်းမယ်လို့ ဒေါနစစ်ကြောင်း သတိပေး

ရေး၊ မတ် ၂၃ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းသူတွေကို တွေ့တဲ့နေ ရာမှာ ပစ်ခတ်ရှင်းလင်းသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသ ဒေါနစစ်ကြောင်း သတိပေးထုတ်ပြန်လိုက်ပါတယ်။ မတ် ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဒေါနစစ်ကြောင်းရဲ့ သတိပေးစာအရ ရေးမြို့နဲ့ ထားဝယ်မြို့အတွင်း နေထိုင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေအနေနဲ့ စစ်မှုထမ်းဖို့ အတင်းအ ကြပ်…

မြို့ ၇ မြို့ကို ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်

ကရင်နီ၊ မတ် ၂၃ ကရင်နီပြည်နယ်မှာ စတင်ခဲ့တဲ့ မိုခါမုန်တိုင်းနဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း မြို့ ၇ မြို့အထိ ထိန်းချုပ်ထားတယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဒီကနေ့ မတ် ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဟာ မိုခါမုန်တိုင်းစစ်ဆင်ရေးကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ စတင်ခဲ့တာ ဖြစ်ပြီး အဲဒီစစ်ဆင်ရေးအတွင်း နယ်စပ်စခန်း ၇ ခုနဲ့ မယ်စဲ့မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။…

မနက်ဖြန်ကစပြီး မော်လမြိုင် – ရန်ကုန် ရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲမယ်

မော်လမြိုင်၊ မတ် ၂၃ မိုင်းခွဲခံရတာကြောင့် ပျက်စီးသွားတဲ့ ရထားလမ်းပိုင်း ပြင်ဆင်မှုပြီးစီးတော့မှာ ဖြစ်တဲ့အတွက် မော်လမြိုင် – ရန်ကုန် ရထားခရီးစဉ်တွေကို မနက်ဖြန် မတ် ၂၄ ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက အသိပေးထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့က မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွားအနီး သိမ်ဆိပ်ဘူတာနဲ့ ဒုံးဝန်းဘူတာကြားရှိ ရထားလမ်းချောင်းကူးတံတားပေါ်မှာ ကျောက်တင်ရထားတစ်စီး…

ရေဦးမှာ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရ

ရေဦး – မတ် ၂၃ စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ် ချောင်းရိုးရွာအနီးမှာ စစ်ကောင်စီ ခမရ ၃၆၁ တပ်နဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ရေဦး PDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က အင်အား ၁၂၀ ပါ စစ်ကြောင်းကို ရွှေဘိုခရိုင် အမှတ် ၁၄…

စမတ်ဖုန်းဈေးကွက် လက်ဝါးကြီးအုပ်မှုနဲ့ Apple ကုမ္ပဏီ တရားစွဲခံရ

ဝါရှင်တန်၊ မတ် ၂၃ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ကုမ္ပဏီဟာ စမတ်ဖုန်းဈေးကွက်ကို တစ်ဦးတည်း ကြီးစိုး ချယ်လှယ်ထားပြီး ပြိုင်ဘက်တွေကို နင်းချေပစ်နေတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်က တရားစွဲဆိုထားပါတယ်။ တရားရေးဌာနက Apple ကုမ္မဏီဟာ Iphone အက်ပလီကေးရှင်း စတိုးကို ထိန်းချုပ်ပြီး ဖောက်သည်တွေနဲ့ ဆော့ဖ်ဝဲလ်ရေးသူတွေ မြဲနေအောင် ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ သူတို့အတွက် အန္တရာယ်ရှိတယ်လို့ ယူဆတဲ့…

စစ်ပွဲတွေအဆုံးသတ်ရေး အားလုံးကြိုးပမ်းရမယ်လို့ ပုပ်ရဟန်းမင်းကြီးပြော

ဗာတီကန်၊ မတ် ၂၃ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဂါဇာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးမှုကတဆင့် ငြိမ်းချမ်းမှုရှိအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။ စစ်ပွဲဆိုတာဟာ အမြဲတမ်း အရှုံးချည်းပဲဆိုတာကို ကျွန်ုပ်တို့ မမေ့သင့်ဘူး။စစ်ပွဲကို ကျွန်ုပ်တို့ ဆက်လက်ဆင်နွှဲလို့မရဘူး။စစ်ပွဲတွေ အဆုံးသတ်ရေး ကြားဝင်ဖြန့်ဖြေဖို့ ညှိနှိုင်းဖို့ အားလုံး ကြိုးပမ်းကြပါလို့ ပုပ်ရဟန်းမင်းကြီးက ဆိုခဲ့တာပါ။ အသက် ၈၇…