March 2024

ဘော်လ်တီမိုးလ်တံတား သင်္ဘောတိုက်ခံရ၊ လူ ၆ ဦး ပျောက်ဆုံး

ဘော်လ်တီမိုးလ်၊ မတ် ၂၈ အမေရိကန်နိုင်ငံ ဘော်လ်တီမိုးမြို့က အထင်ကရ ဖရန်စစ်စကော့ကီးတံတားကို ကွန်တိန်နာတင် သင်္ဘောတစ်စီး ဝင်တိုက်မှုကြောင့် လူ ၆ ဦးပျောက်ဆုံးနေပြီး သေဆုံးသွားပြီလို့ ယူဆနေကြပါတယ်။ သင်္ဘောဟာ တံတားဒေါက်တိုင်ကို တိုက်မိခဲ့တဲ့အတွက် ၁ ဒသမ ၆ မိုင်ရှည်တဲ့ တံတားပြိုကျသွားချိန် တံတားပေါ်မှာ ကားတွေဖြတ်သန်းမောင်းနှင်နေတာဖြစ်ပြီး ပျောက်ဆုံးသွားသူတွေကို ရှာဖွေနေမှုအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကာ ပြန်လည်ဆယ်ယူရေး လုပ်ငန်းစဉ်…

စစ်မှုထမ်းဥပဒေကြောင့် ရွှေဈေးနှုန်းစံချိန်သစ်ထပ်တင်

မော်လမြိုင် ၊ မတ် ၂၈ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာမြင့်တက်လာမှုနဲ့အတူ နိုင်ငံခြားငွေကြေး ဝယ်ယူမှုများပြားလာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူတွေ နေ့စဉ်အလုံးအရင်နဲ့ရှိလာပြီးနောက် နိုင်ငံခြားငွေကြေးဝယ်ယူမှုများလာတဲ့အတွက် ဈေးကွက်အတွင်း ဒေါ်လာဈေး၊ ဘတ်ဈေးအပါအဝင်တခြား နိုင် ငံခြားငွေကြေးဈေးနှုန်းတွေ မြင့်တက်လာတာပါ။ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း တစ်ကျပ်သား ကျပ် ၃၉…

ဘီးလင်းမှာ စစ်ကြောင်းဝင်လာစဉ် အရပ်သားတစ်ဦးပစ်သတ်ခံရ

ဘီးလင်း၊ မတ် ၂၈ မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီး စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာစဉ် အရပ်သားပြည်သူတစ်ဦးကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ KNU သထုံခရိုင်က မတ် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီရဲ့ ခမရ (၃) နဲ့ ခလရ (၈) ပူးပေါင်းတပ်ဖွဲ့တွေဟာ…

စစ်ကောင်စီ ထီးကပလယ်တပ်စခန်းကို ကရင်ပူးပေါင်းတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေ

မြဝတီ၊ မတ် ၂၇ ကရင်ပြည်နယ် မြဝတီခရိုင် ထိုင်း-မြန်မာနယ်စပ် ဝေါ်လေမြို့နဲ့ စုကလိမြို့ကြားမှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတယ်လို့ ကော်သူးလေတပ်မတော် KTLA က မတ် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို ကော်သူးလေတပ်မတော် KTLA ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့…

ရေးမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

ရေး၊ မတ် ၂၇ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်းကျေးရွာ ရော်ဘာခြံတွေအနီး စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီနေ့ မတ် ၂၇ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ လမိုင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၇) အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ မော့ကနင်းကျေးရွာအနီးပတ်ဝန်းကျင်ကို လက်နက်ကြီး ၃…

ဆီဆိုင်မြို့ကို ပြည်သူတွေအရဲစွန့်ပြီး မဝင်ရောက်ဖို့  PNLA သတိပေး

ဆီဆိုင် – မတ် ၂၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ဟာ စစ်ပွဲဇုန်အတွင်း ကျရောက်နေတာကြောင့် ပြည်သူတွေ အနေနဲ့ မြို့ထဲကို အရဲစွန့်ပြီးဝင်ရောက်နေတာတွေ မပြုလုပ်ဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် PNLA က အသိပေးလိုက်ပါတယ်။ ဆီဆိုင်မြို့အတွင်းကို တချို့ပြည်သူတွေဟာ အရဲစွန့်ဝင်ရောက်ဖို့ ကြိုးပမ်းတာတွေကြောင့် စစ်ကောင်စီနဲ့ အပေါင်းအပါလက်ပါးစေတွေက ပစ်ခတ်ဖမ်းဆီးတာတွေပြုလုပ်နေတဲ့ အတွက် ပြည်သူ့တချို့ ထိခိုက်သေဆုံးပြီး အဆက်အသွယ်ပြတ်တောက်တာတွေရှိနေတယ်လို့ ဆိုထား တာပါ။…

စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြင်းအထန်ရှုတ်ချတယ်လို့ ကနေဒါ သံရုံးထုတ်ပြန်

ရန်ကုန် – မတ် ၂၇ အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြင်းအထန်ရှုတ်ချတယ်လို့ ရန်ကုန်အခြေစိုက် ကနေဒါ သံရုံးက ကြေညာခဲ့ပါတယ်။ ဒီနေ့ မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်ဟာ ပြည်သူ တွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ တိုင်းပြည်ကာကွယ်ဖို့ တာဝန်တွေ ပျက်ကွက်နေတာအပြင် နိုင်ငံတကာဥပဒေတွေကို ကြီးလေးစွားချိုးဖောက်နေတယ်လို့ ဆိုထားတာပါ။…

ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၂) တပ်ကို AA သိမ်းယူ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး လက်နက်ချ အညံ့ခံ

ဘူးသီးတောင်၊ မတ် ၂၇ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၅၂) ခြေမြန်တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့ မတ် ၂၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ခမရ(၅၅၂)တပ်ရင်းကို ရက္ခိုင့်တပ်တော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးတစ်လအကြာ မတ် ၂၅ ရက်…

တိုက်လေယာဉ်တွေ ရောင်းချဖို့ ဂျပန်အစိုးရ ခွင့်ပြု

တိုကျို၊ မတ် ၂၇ ဗြိတိန်၊အီတလီတို့နဲ့ ပူးပေါင်းထုတ်လုပ်နေတဲ့ မျိုးဆက်သစ်တိုက်လေယာဉ်တွေကို တခြားနိုင်ငံတွေဆီ ရောင်းချဖို့ ဂျပန်အစိုးရအဖွဲ့က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ ဂျပန်ရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလက်နက်တင်ပို့မှုကို တားမြစ်ထား တာကြာပြီဖြစ်ပေမယ့် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အရင်မူဝါဒတွေကို ပြောင်းလဲခဲ့တာပါ။ သူတို့ရဲ့ သက်တမ်းရင့်နေပြီဖြစ်တဲ့ အမေရိကန်ထုတ် F-2 တိုက်လေယာဉ်အုပ်စုနေရာမှာ အစား ထိုးအသုံးပြုဖို့…

ဂါဇာအပစ်ခတ်ရပ်စဲရေး ဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ အတည်ပြု

နယူးယောက်၊ မတ် ၂၇ ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်းအပစ်ခတ်ရပ်စဲရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အပစ်ခတ်ရပ်စဲရေး တောင်းဆိုချက် အကြိမ်ကြိမ်မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ကောင်စီက ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်မှာ ဓားစာခံတွေ ချက်ချင်း ချွင်းချက်မရှိ လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ အစ္စရေးဝန်ကြီးချုပ်ရုံးက အပစ်ခတ်ရပ်စဲရေးနဲ့ ဓားစားခံတွေ လွတ်မြောက်ရေး တိုက်ရိုက် ဆက်စပ်နေတယ်ဆိုတဲ့ သဘောထားရပ်တည်ချက်ကို…