March 2024

စစ်အာဏာသိမ်း (၁၁၃၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၆၈၇) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၁၅ AAPP ရဲ့ မတ် ၁၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၃၈) ရက်အတွင်း ပြည်သူ (၄၆၈ ၇ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၂၄၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၃၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့…

ဆန်အပါအဝင်ကုန်ဈေးနှုန်း ကျဆင်းအောင်လုပ်ဖို့ စစ်ကောင်စီပြော

နေပြည်တော် ၊ မတ် ၁၅ အာဏာသိမ်းမှုကြောင့် တရိပ်ရိပ်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ဖို့နဲ့ ကျဆင်းအောင် လုပ် ဆောင်ဖို့ စစ်ကောင်စီ စီမံကိန်းနဲ့ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဌာနဆိုင်ရာတွေကို ညွှန်ကြားလာတာပါ။ နိုင်ငံအတွင်း ကုန်ဈေးနှုန်း မြင့်တက်မှုမရှိစေဘဲ တည်ငြိမ်နေစေဖို့အတွက်ဆိုပြီး မတ် ၁၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးအ တွင်း ညွှန်ကြားလာခဲ့တာ ဖြစ်ပါတယ်။ ဦးဝင်းရှိန်က…

မွန်ပြည်နယ်မှာ စစ်မှုထမ်းစာရင်း မတ်လကုန်နောက်ဆုံးပေးဖို့ စစ်ကောင်စီညွှန်ကြား

မော်လမြိုင်၊ မတ် ၁၅ မွန်ပြည်နယ်မှာ စစ်မှုထမ်းဆောင်ဖို့ အကျုံးဝင်တဲ့လူငယ်တွေကို မတ်လကုန်နောက်ဆုံးထားပြီး အမည်စာရင်းပေးပို့ကြဖို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်မှုထမ်းဥပဒေအရ ကျုံးဝင်တဲ့အသက်အရွယ်မှာပါဝင်နေတဲ့ လူငယ်တွေကို ကျေးရွာအုပ်စုတစ်စုလျှင် ၁၀ ယောက်နှုန်း စာရင်းပေးဖို့နဲ့ စာရင်းပေးပို့ရာမှာလည်း မတ်လနောက်ဆုံးအပတ်အတွင်း မဖြစ်မနေ စာရင်းပေးပို့ကြဖို့ ညွှန်ကြားထားတာပါ။ အမည်မဖော်လိုတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတစ်ဦးရဲ့ ပြောပြချက်အရ…

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့တစ်မြို့လုံးနီးပါးပျက်စီး

ဆီဆိုင်၊ မတ် ၁၅ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ဟာ စစ်ကောင်စီရဲ့ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်မြို့လုံးနီးပါး ပျက်စီးသွားပြီလို့ မြေပြင်ရဲဘော်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လက်နက်ကြီး၊ဒရုန်းနဲ့ မီးလောင်ဗုံးချတာတွေအပြင် လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုတွေကြောင့် မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော် မီးလောင်ပြာကျသွားခဲ့ရတာပါ။ ပအိုဝ်းလူငယ်အစည်းအရုံး PYO ရဲ့ အဆိုအရ…

မြဝတီ သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း အရပ်သား ၁၀ ဦး သေဆုံး

မြဝတီ၊ မတ် ၁၅ ကရင်ပြည်နယ် သင်္ဃန်းညီနောင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေ ကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ရပြီး အများအပြား ဒဏ် ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ပါတယ်။ မြဝတီမြို့နယ် သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၅၅ တပ်ရင်းကို မတ် ၇ ရက်နေ့ မနက် ၁၀ နာရီ…

ပခုက္ကူမှာ စာသင်ကျောင်းကို စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲ၊ ကျောင်းဆရာတစ်ဦးသေဆုံး

ပခုက္ကူ – မတ် ၁၄ မကွေးတိုင်း၊ပခုက္ကူမြို့နယ် လေးတိုင်ရွာစာသင်ကျောင်းကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းဆရာ တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ လေးတိုင်ရွာ စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတာပါ။ “လေကြောင်းကနေ သုံးခါလောက်ကြဲချပြီးတော့မှ စက်လက်တွေနဲ့…

KNU ကြောင့် ကော့ကရိတ်မြို့ မီးလောင်ပျက်စီးနေတာလို့ စစ်တပ်သတင်းမှားဖြန့်နေ 

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေကြဲချခဲ့တဲ့ အတွက် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တာကို KNU ကြောင့် ဖြစ်တာလို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖြန့်ချီနေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို ကျော်စွာ၊…

အဓမ္မစစ်သားစုဆောင်းမှု စုပေါင်းလက်မှတ်ရေးထိုးဆန့်ကျင်ဖို့ NUCC နဲ့ NLD တိုက်တွန်း

မော်လမြိုင်၊ မတ် ၁၄ စစ်ကောင်စီရဲ့ “အဓမ္မစစ်သား စုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှု”အဖြစ် ပြည်သူ လူထုတစ်ရပ်လုံး စုပေါင်းလက်မှတ်ရေးထိုးကြဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ပြန်ပါတယ်။ လူထုထံကနေ ရရှိလာတဲ့ လက်မှတ်တွေကို နိုင်ငံတကာအစိုးရတွေ၊ အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း…

မြို့နယ်ပေါင်း ၈၀ နီးပါး ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရ

မော်လမြိုင် ၊ မတ် ၁၄ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ် ဖေဖော်ဝါရီလကုန်အထိ တိုင်းနဲ့ပြည်နယ် ၁၁ ခုရှိ မြို့ နယ်ပေါင်း ၈၀ နီးပါးမှာ ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတယ်လို့ လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားနေတဲ့ အသံအဖွဲ့က ထုတ်ပြန်ပါတယ်။ မတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အသံအဖွဲ့ရဲ့ အချက်အလက်တွေအရ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့…

ရေး-ချောင်းတောင်တံတားဂိတ်ကို ရေးဘီလူးအဖွဲ့ ဝင်တိုက်

ရေး၊ မတ် ၁၄ မွန်ပြည်နယ် ရေးမြို့နယ် ရေး-ချောင်းတောင်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်ကို ဒီနေ့ မတ် ၁၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်၊ရဲတပ်ဖွဲ့အပြင် ပြည်သူ့စစ်အဖွဲ့တွေပါ တပ်စွဲထားတဲ့ ချောင်းတောင်တံတားဂိတ်ကို ရေးဘီလူးအဖွဲ့က ကားတစ်စီးနဲ့ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ချောင်းတံတားဂိတ် တိုက်ခိုက်ခံရတာကြောင့် ငွေကြေးကောက်ခံနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး…