March 2024

သရက်ချောင်း ပျူစောထီးစခန်း PDF သိမ်းပိုက်

သရက်ချောင်း၊ မတ် ၁၉ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျောက်ဆည်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းတစ်ခုကို ဒီနေ့ မတ် ၁၉ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အင်အား ၁၅ ဦးနီးပါး တပ်စွဲနေထိုင်တဲ့ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် ဖွဲ့တွေက ဒီနေ့ မနက် ၄ နာရီကျော်အချိန်က စတင်တိုက်ခိုက်ခဲ့ရာ…

ကျောက်ကြီးမှာ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံး

ကျောက်ကြီး၊ မတ် ၁၉ KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နှစ်လခွဲအတွင်း အရပ်သားပြည်သူ ၁၃ ဦး သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အရေးပေါ် ကူညီကယ်ရေးကော်မတီ လယ်ဒိုကော်ဆာက ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီလကနေ မတ်လ ၁၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်ရဲ့ တောင်ပိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ အမြောက်တပ်၊…

မိုင်းခွဲခံရလို့ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်တွေ ပြေးဆွဲမှုရပ်နား

မော်လမြိုင်၊ မတ် ၁၉ မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာအနီးရှိ ရထားလမ်းချောင်းကူးတံတား မိုင်းခွဲခံရပြီးနောက် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်တွေ ပြေးဆွဲမှုရပ်နားထားတယ်လို့ မော်လမြိုင်ဘူတာကြီးက သတင်းထုတ်ပြန်ပါတယ်။ မနေ့ မတ် ၁၈ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ ထွက်ခွာလာတဲ့ ကျောက်တင်ရထားဟာ သိမ်ဆိပ်ဘူတာနဲ့ ဒုံးဝန်းဘူတာကြားရှိ ရထားလမ်းချောင်းကူးတံတားပေါ်အရောက်မှာ မိုင်းခွဲခံလိုက်ရတာပါ။ မိုင်းခွဲခံရတာကြောင့် အရှည်ပေ…

ရုရှားရွေးကောက်ပွဲမှာ ပူတင် အပြတ်အသတ်အနိုင်ရ

မော်စကို၊ မတ် ၁၉ ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ပဉ္စမမြောက် ရာထူးသက်တမ်းအတွက် မဲ ၈၇ ရာခိုင်နှုန်းနဲ့ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက် သမ္မတ ဗလာဒီမာ ပူတင်က မိမိတို့ ရွေးကောက်ပွဲဟာ အနောက်တိုင်းရွေးကောက်ပွဲတွေထက် ပိုမိုပွင့်လင်းမြင်သာရှိတယ်လို့ ပြောပါတယ်။ အနိုင်ရဖို့ ရာနှုန်းပြည့်နီးပါး သေချာနေတဲ့ ရွေးကောက်ပွဲမှာ ပူတင်ဟာ ကရင်မလင်နန်းတော်က ခွင့်ပြုခဲ့တဲ့ တခြားကိုယ်စားလှယ်လောင်း သုံးဦးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။…

မြန်မာပြဿနာ ကူညီဖြေရှင်းရေး အချက်လေးချက် အစီအစဉ် ထိုင်းလွှတ်တော် တင်သွင်း

ဘန်ကောက်၊ မတ် ၁၉ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြဿနာတွေကို ကူညီဖြေရှင်းရေး ထိုင်းလွှတ်တော်ရဲ့ နိုင်ငံခြားရေးဆိုင်ရာကော်မတီက အချက်လေးချက်ပါ အစီအစဉ်တစ်ရပ် တင်သွင်းထားပါတယ်။ ဖျူထိုင်းပါတီ လွှတ်တော်အမတ် ကော်မတီ ဥက္ကဋ္ဌ နော်ပါဒွန် ပတ်တာမာက မိမိတို့ကော်မတီအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို စောင့်ကြည့်နေပြီး ပြဿနာအဆုံးသတ်ရေး ကြိုးပမ်းမှု အားလုံးကို ထောက်ခံတယ်လို့ ဆိုခဲ့တာပါ။ ထိုင်းအစိုးရက စုပေါင်းတုံ့ပြန်မှုတစ်ရပ်ပြုလုပ်ရေး အထောက်ကူဖြစ်စေမယ့် အချက် ၄…

မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအကြောင်းပြချက်နဲ့ ငွေကြေးတောင်းခံ

မော်လမြိုင် ၊ မတ် ၁၈ မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ စစ်ကောင်စီ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းဥပဒေ အကြောင်းပြချက်နဲ့ ငွေကြေးအဆမတန်တောင်းခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့မတ်လဒုတိယအပတ်စကပြီး ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စုတစ်စုလျှင် လူငယ် ၁၀ ဦး စစ်မှုထမ်းဖို့ အမည်စာရင်းကောက်ခံတာနဲ့ ဆင့်ခေါ်တာတွေ လုပ်ဆောင်နေတာပါ။ အဲဒီထဲက ဆင့်ခေါ်ခံရတဲ့ လူငယ်တွေကို ငွေကြေးထောက်ပံ့ပေးရမယ်ဆိုတဲ့…

စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို တိုက်ခိုက်မယ်လို့ ကျိုက်ထို KRF သတိပေး

ကျိုက်ထို၊ မတ် ၁၈ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ကြိုးစားနေသူအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး အပြစ်ပေးအရေးယူသွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က သတိပေးကြေညာချက် ထုတ်ပြန်ပါတယ်။ မတ် ၁၇ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ KRF ရဲ့ သတိပေးစာမှာတော့ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ ရပ်ကွက်၊ ကျေးရွာအုပ်စုတစ်စုလျှင် လူငယ် ၁၀…

ထိန်းချုပ်နယ်မြေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် စတင်မယ်လို့ အပစ်ရပ် ၇ ဖွဲ့ ကြွေးကြော်

မော်လမြိုင်၊ မတ် ၁၈ အပစ်ရပ် ၇ ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေအသီးသီးမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ထုတ်ပြောလာပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ရဲ့ မျက်နှာစုံညီအစည်းအဝေးကို မတ် ၁၇ ရက်နေ့က စတင်ခဲ့ပြီး သဘာပတိဖြစ်တဲ့ ဗိုလ်ချုပ်ကြီး…

ရေးမှာ တစ်ရက်တည်း အမျိုးသား ၂ ဦး အသတ်ခံရ

ရေး၊ မတ် ၁၈ မွန်ပြည်နယ် ရေးမြို့နယ် ကြိုးတံတားကျေးရွာနဲ့စံပြကျေးရွာအနီးမှာ တစ်ရက်တည်း အမျိုးသား ၂ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ် မနေ့ မတ် ၁၇ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရေး-သံဖြူဇရပ်လမ်းပေါ် ကြိုးတံတားရွာနဲ့စံပြရွာကြားမှာ အသက် ၅၀ ကျော် အမျိုးသားတစ်ဦး လက်ပြန်ကြိုးတုတ်ပြီး…

မြန်မာပြဿနာ ကူညီဖြေရှင်းရေး အချက်လေးချက် အစီအစဉ် ထိုင်းလွှတ်တော် တင်သွင်း

ဘန်ကောက်၊ မတ် ၁၉ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြဿနာတွေကို ကူညီဖြေရှင်းရေး ထိုင်းလွှတ်တော်ရဲ့ နိုင်ငံခြားရေးဆိုင်ရာကော်မတီက အချက်လေးချက်ပါ အစီအစဉ်တစ်ရပ် တင်သွင်းထားပါတယ်။ ဖျူထိုင်းပါတီ လွှတ်တော်အမတ် ကော်မတီ ဥက္ကဋ္ဌ နော်ပါဒွန် ပတ်တာမာက မိမိတို့ကော်မတီအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို စောင့်ကြည့်နေပြီး ပြဿနာအဆုံးသတ်ရေး ကြိုးပမ်းမှု အားလုံးကို ထောက်ခံတယ်လို့ ဆိုခဲ့တာပါ။ ထိုင်းအစိုးရက စုပေါင်းတုံ့ပြန်မှုတစ်ရပ်ပြုလုပ်ရေး အထောက်ကူဖြစ်စေမယ့် အချက် ၄…