ရေး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်း တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်စိုးမိုး
ရေး ၊ မတ် ၂၀ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ် ၁၉ ရက်နေ့က အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ ရေး-ထားဝယ်လမ်းပိုင်း မလွဲတောင်နဲ့ ကလိန်အောင်ကြားမှာ နယ်မြေစိုးမိုးရေး ဆောင်ရွက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ တော်လှန်ရေးမဟာမိတ်တပ်တွေ နယ်မြေစိုးမိုးရေးအတွက် စတင်စစ်ဆေးချိန်မှာ စစ်ကောင်စီ မလွဲတောင်ဂိတ်မှ ခရီးသွားပြည်သူတွေရဲ့ သွားလာမှုလမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်ပြီး စခန်းအတွင်း ပုန်းအောင်းနေခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။…