A drone view of the Dali cargo vessel, which crashed into the Francis Scott Key Bridge causing it to collapse, in Baltimore, Maryland, U.S., March 26, 2024, in this still image taken from a handout video. NTSB/Handout via REUTERS

ဘော်လ်တီမိုးလ်၊ မတ် ၂၈

အမေရိကန်နိုင်ငံ ဘော်လ်တီမိုးမြို့က အထင်ကရ ဖရန်စစ်စကော့ကီးတံတားကို ကွန်တိန်နာတင် သင်္ဘောတစ်စီး ဝင်တိုက်မှုကြောင့် လူ ၆ ဦးပျောက်ဆုံးနေပြီး သေဆုံးသွားပြီလို့ ယူဆနေကြပါတယ်။

သင်္ဘောဟာ တံတားဒေါက်တိုင်ကို တိုက်မိခဲ့တဲ့အတွက် ၁ ဒသမ ၆ မိုင်ရှည်တဲ့ တံတားပြိုကျသွားချိန် တံတားပေါ်မှာ ကားတွေဖြတ်သန်းမောင်းနှင်နေတာဖြစ်ပြီး ပျောက်ဆုံးသွားသူတွေကို ရှာဖွေနေမှုအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကာ ပြန်လည်ဆယ်ယူရေး လုပ်ငန်းစဉ် စတင်နေပြီလို့ ကမ်းခြေစောင့်တပ်က အသိပေးထားပါတယ်။

ပျောက်ဆုံးနေသူတွေကို ဘုတ်တွေ၊ရဟတ်ယာဉ်တွေနဲ့ အင်အားသုံးရှာဖွေခဲ့ပေမယ့် ရှာမတွေ့ခဲ့တဲ့ အတွက် သေဆုံးစာရင်းသွင်းလိုက်တာဖြစ်ပြီး ရေထဲကျသွားတဲ့ တခြား ၂ ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ရေရဲ့အပူချိန်၊ရေအောက်ရောက်နေတဲ့ အချိန်အတိုင်းအတာအရ ပျောက်ဆုံးနေသူတွေ သေဆုံးသွားပြီလို့ ယူဆရကြောင်း အမေရိကန် ကမ်းခြေစောင့်တပ် ရေတပ်ဗိုလ်ချုပ် ရှန်နွန်ဂီရက်က ဆိုပါတယ်။

တံတားကို သင်္ဘောဝင်တိုက်ချိန်မှာ တံတားပြုပြင်နေတဲ့ ဆောက်လုပ်ရေး လုပ်သားတွေ ရေထဲ ပြုတ်ကျ ပျောက်ဆုံးခဲ့ကြတာဖြစ်တယ်လို့ အရာရှိတွေက အသိပေးထားပါတယ်။

သီရိလင်္ကာမြို့တော် ကိုလံဘိုက ထွက်လာတဲ့ ကွန်တိန်နာ သင်္ဘောဟာ တွန်းကန်အားဆုံးရှုံး သွားတာဖြစ်ပြီး တံတားကိုဝင်မတိုက်ခင်မှာ အရေးပေါ် အကူအညီတောင်းခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် သင်္ဘောအမှုထမ်းတွေဟာ တစ်နေရာရာကိုဝင်တိုက်နိုင်ခြေရှိတယ်လို့ မယ်ရီလန်း ပို့ဆောင်ရေး အရာရှိတွေကို အသိပေးခဲ့တယ်လို့ သိရပါတယ်။

သင်္ဘောပေါ်မှာ အမှုထမ်း ၂၂ ဦးလိုက်ပါသွားတယ်လို့ သင်္ဘောကုမ္ပဏီ Synergy Marine Group က ဆိုပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ပျက်စီးသွားတဲ့တံတားကို ပြန်လည်တည်ဆောက်ဖို့အတွက် ဖက်ဒရယ် အစိုးရက ရန်ပုံငွေအပြည့်အဝထောက်ပံ့ပေးသွားမယ်လို့ ကတိပြုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.