သံဖြူဇရပ်၊ မတ် ၂၆

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ငွေကြေးထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ်တစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ မတ် ၂၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ ဝါခရူကျေးရွာနေ အသက် ၂၀ အရွယ် မောင်ခန့်မင်းသူကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ မောင်ခန့်မင်းသူဟာ ၂၀၂၃ ခုနှစ်အတွင်း ရောင်နီဦးအကောင့်နဲ့ CRPH/NUG /PDF အဖွဲ့ တွေအတွက် အလှူခံပေးပြီး လစဉ် ငွေကျပ် ၇ သိန်း ထောက်ပံပေးခဲ့တယ်လို့ စစ်ကောင် စီဘက်က စွပ်စွဲထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ မောင်ခန့်မင်းသူကို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက်အ ထိ အမိန့်ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ မောင်ခန့်မင်းသူကိုတော့ လတ်တလောမှာ သံဖြူဇရပ်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပြပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ မောင်ခန့်မင်းသူဟာ ကိုရီးယားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ သင်တန်းတက်ရောက်ထားသူဖြစ်ပြီး လိပ်စာအတိအကျနဲ့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် မောင်လွှမ်းမိုးဇော်ကို စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ဆိုပြီး ဖမ်းဆီးခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ အာ ဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခံရတာကြောင့် လူပေါင်း ၉၀၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.