မော်စကို၊ မတ် ၂၆

လူ ၁၃၇ ဦးထက်မနည်းသေဆုံခဲ့တဲ့ မော်စကိုမြို့ဖျော်ဖြေရေးရုံ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက် ပြီး လူ ၄ ဦးကို ရုရှားက ရုံးတင်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ခရိုကပ်စ်မြို့တော်ခန်းမကို IS အဖွဲ့ကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မတ် ၂၂ ရက်နေ့က သူတို့ ကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားပေမယ့် ရုရှားကတော့ ယူကရိန်းလက်ချက်လို့ စွပ်စွဲထားတာပါ။

အကြမ်းဖက်တိုက်ခိုက်မှုမှာ ယူကရိန်းအစိုးရပါဝင်ပတ်သက်မှုမရှိဘူးလို့ အိမ်ဖြူတော်က ပြော ထားပေမယ့် ရုရှားကတော့ ယူကရိန်းနဲ့ ဆက်နွယ်နေတယ်လို့ အခိုင်အမာပြောထားပါတယ်။

ပြီးခဲ့တဲ့မတ် ၂၂ ရက်နေ့က စစ်ဝတ်စုံဝင်ဆင်ထားတဲ့ သေနတ်သမားတွေဟာ မော်စကိုမြို့ ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ ဂီတ ဖျော်ဖြေရေးအဆောက်အဦးကို ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ခဲ့တာဖြစ်ပါတယ်။

IS အဖွဲ့က မိမိတို့တိုက်ခိုက်ရေးသမား ၄ ဦးဟာ စက်သေနတ်တွေ၊ပစ္စတိုတစ်လက်၊ မီးလောင် ဗုံးတွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တယ်လီဂရမ်မှာ ဖော်ပြထားသလို သူတို့အဖွဲ့ ပုံမှန် အသုံးပြုတဲ့ လူမှုမီဒီယာအကောင့်တွေမှာလည်း တိုက်ခိုက်မှု ဖြစ်စဉ်ရုပ်သံဖိုင်ကို မျှဝေထားပါတယ်။

သမ္မတပူတင်က ဒီလိုအရိုင်းဆန်တဲ့ တိုက်ခိုက်မှုအတွက် ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့ ကြွေးကြော်ထားပေမယ့် IS အဖွဲ့ကိုတော့ အပြစ်တင်ထားတာမတွေ့ရပါဘူး။

တိုက်ခိုက်မှုပြုလုပ်ပြီးနောက် ယူကရိန်းကို ထွက်ပြေးဖို့ ကြိုးပမ်းနေသူ ၄ ဦးကို ဖမ်းဆီးရမိ ထားတယ်လို့ ရုရှားဘက်က ပြောထားပြီး ဖမ်းဆီးခံထားရတဲ့ တိုက်ခိုက်ရေးသမားတွေလို့ သံသယရှိသူတွေရဲ့ ထိုးကြိတ်ခံထားရပုံတွေကိုလည်း အွန်လိုင်းမှာ ဖော်ပြထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.