မန္တလေး – မတ် ၂၅
မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ် ၇၄ လမ်းနဲ့ ၃၁ A လမ်းထောင့်က KBZ ဘဏ် ဓားပြတိုက် ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ မတ်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဓားပြတိုက်ခံလိုက်ရတာဖြစ်ပြီး ငွေကျပ်သိန်း ၂၀၀၀ နီးပါး ယူဆောင်သွားတယ်လို့သိရပါတယ်။
ဘဏ်ဓားပြတိုက်ခဲ့တဲ့သူတွေဟာ အမျိုးသား ၃ ဦးဖြစ်ပြီး သူတို့ဟာ ဆိုင်ကဉ် ၂ စီးနဲ့ လာရောက် ကာ သူတို့နဲ့အတူ သေနတ်အတို ၁ လက်လည်း ပါလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေ ရောက်ရှိလာကြပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media