မနီလာ၊ မတ် ၂၆
နိုင်ငံတကာ အငြင်းပွားမှုဖြေရှင်းရေး တရားရုံးဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး တောင်တရုတ် ပင်လယ်တစ်ခုလုံးနီးပါးကို အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း တရုတ်ရဲ့ ပြောဆိုမှု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက မတ် ၂၅ ရက်နေ့မှာ ရှုတ်ချလိုက်ပါတယ်။
တရုတ်ကမ်းခြေစောင့်တပ်က မီးသတ်ပိုက်အသုံးပြုပြီး ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေကို နှိမ်နှင်းတာကြောင့် တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖိလစ်ပိုင် စစ်တပ်က ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအရာရှိက နှစ်နိုင်ငံအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ထိပ်တန်းအရာရှိတွေ ဆွေးနွေးမှုဟာ နှစ်နိုင်ငံကြား အကျိုးရှိစေတယ်လို့ ဆိုထားပါတယ်။
ဖိလစ်ပိုင်သင်္ဘောတွေကို လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေပြုလုပ်ခဲ့တယ်လို့ တရုတ်စစ်တပ်က ပြောထားပါတယ်။တရုတ်ရဲ့ ကမ္ဘာကြီးကို ဆန့်ကျင်ပြီး ပြောဆိုနေတာတွေကိုလည်း ဖိလစ်ပိုင်က ရှုတ်ချထားပါတယ်။
ဖိလစ်ပိုင် အထူးစီးပွားရေးဇုန်အနီး သင်္ဘောပျက်တစ်စီးပေါ် ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ဖို့ ကြိုးပမ်းနေတဲ့ သင်္ဘောတွေကို တရုတ်က နည်းလမ်းအမျိုးမျိုးသုံးပြီး နှောင့်ယှက်နေတာပါ။
တောင်တရုတ်ပင်လယ်တစ်ခုလုံးကို သူတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ တရုတ်က ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်မှာ နယ်မြေချဲ့ထွင်ဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပါတယ်။
ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီးကတော့ ကျွန်တော်တို့ နယ်နိမိတ်ထဲကို ဝင်လာသူတွေဟာ သူတို့သာ ဖြစ်တယ်လို့ ပြောထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က နိုင်ငံတကာအငြင်းပွားမှုဆိုင်ရာ တရားရုံးက တောင်တရုတ်ပင်လယ် တစ်ခုလုံးကို ပိုင်ဆိုင်တယ်လို့ တရုတ်ရဲ့ပြောဆိုမှုကို ပယ်ချထားပါတယ်။
Ref: Reuters