ကော့ဘိန်း ၊ မတ် ၂၆

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကြောင့် ကျေးရွာ ၆ ရွာထက်မနည်း ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကော့ဘိန်းနယ်မြေရဲစခန်းကို ပြီးခဲ့တဲ့မတ် ၂၄ ရက်နေ့ မနက် ၇ နာရီအချိန်ကစလို့ မွန်နဲ့ကရင်လက် နက်ကိုင်တော်လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

တစ်ရက်ကျော်ကြာ ဆင်နွှဲခဲ့တဲ့ ကော့ဘိန်းရဲစခန်းကို မတ် ၂၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ တော် လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ စစ်ကောင်စီဘက်က အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့အတွက် စခန်းတစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ကော့ဘိန်းအနီးအနားရှိ ကျေးရွာ ၆ ရွာထက်မနည်း ပြည်သူတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေရဲ့ ဆွေမျိုးတွေ၊ ဘုန်းကြီးကျောင်းတွေဆီ ကုန်းကြောင်း၊ ရေကြောင်းကတဆင့် ထွက် ပြေးတိမ်းရှောင်နေရပါတယ်။

လတ်တလောမှာ စစ်ဘေးသင့် အရပ်သားပြည်သူတွေဟာ ဆန်နဲ့သောက်သုံးရေ လိုအပ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူကတစ်ဦးက ပြောပါတယ်။

“စားဝတ်နေရေးခက်တာပေါ့။ အဓိက ဆန်ပဲပေါ့။ ဒီမှာကျ ဟင်းကဖြစ်သလိုတော့ စားလို့ရတယ်။ ဆန်နဲ့ ရေပဲသောက်ရေလေ။ ဒီမှာ ချောင်းမြစ်ဆိုတော့ သောက်ရေက သောက်လို့ သိပ်အဆင်မပြေဘူး။ အဲဒါရေနွေးတွေချက်ပြီး အအေးခံပြီး သောက်ရတာပေါ့”လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရေကြောင်းနဲ့လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် ကော့ဘိန်းနဲ့ ကော့ပေါက်ကျေးရွာအတွင်းရှိ အရပ်သားနေအိမ်နဲ့ ဘုန်းကြီးကျောင်း၊ သီလ ရှင်ကျောင်းစတဲ့ ဘာသာရေးအဆောက်အအုံတချို့ ထိခိုက်ပျက်စီးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ကော့ဘိန်းနယ်မြေရဲစခန်း တိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ AD အပါအဝင် မွန်ပြည်လွတ်မြောက် ရေးတပ်တော် MLA နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်ဖွဲ့တွေဖြစ်တဲ့ ကျားဖြူနဲ့ ဂဠုန်စစ်ကြောင်း တို့လည်း ပါဝင်နေတာပါ။

ကော့ဘိန်းနယ်မြေစခန်းဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလလယ်ပိုင်းမှာ ကရင်လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းရှိ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားပြီး ရဲစခန်းကိုတော့ တော်လှန်‌ရေးအဖွဲ့တွေ မီးရှို့ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.