March 25, 2024

တောင်တရုတ်ပင်လယ် ပိုင်ဆိုင်ကြောင်း တရုတ် ပြောဆိုမှု ဖိလစ်ပိုင် လက်မခံ

မနီလာ၊ မတ် ၂၆ နိုင်ငံတကာ အငြင်းပွားမှုဖြေရှင်းရေး တရားရုံးဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး တောင်တရုတ် ပင်လယ်တစ်ခုလုံးနီးပါးကို အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း တရုတ်ရဲ့ ပြောဆိုမှု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက မတ် ၂၅ ရက်နေ့မှာ ရှုတ်ချလိုက်ပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်က မီးသတ်ပိုက်အသုံးပြုပြီး ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေကို နှိမ်နှင်းတာကြောင့် တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖိလစ်ပိုင် စစ်တပ်က…

မော်စကို ဖျော်ဖြေရေးရုံတိုက်ခိုက်မှု ယူကရိန်းလက်ချက်လို့ ရုရှားစွပ်စွဲ

မော်စကို၊ မတ် ၂၆ လူ ၁၃၇ ဦးထက်မနည်းသေဆုံခဲ့တဲ့ မော်စကိုမြို့ဖျော်ဖြေရေးရုံ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက် ပြီး လူ ၄ ဦးကို ရုရှားက ရုံးတင်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ခရိုကပ်စ်မြို့တော်ခန်းမကို IS အဖွဲ့ကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မတ် ၂၂ ရက်နေ့က သူတို့ ကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားပေမယ့် ရုရှားကတော့ ယူကရိန်းလက်ချက်လို့ စွပ်စွဲထားတာပါ။ အကြမ်းဖက်တိုက်ခိုက်မှုမှာ ယူကရိန်းအစိုးရပါဝင်ပတ်သက်မှုမရှိဘူးလို့…

စစ်အာဏာသိမ်း (၁၁၄၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၇၈၃) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၂၆ AAPP ရဲ့ မတ် ၂၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၄၉) ရက်အတွင်း ပြည်သူ (၄၇၈၃ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၄၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မော်လမြိုင်မှာ စစ်ကောင်စီလုံခြုံရေးတိုးမြှင့်

မော်လမြိုင် ၊ မတ် ၂၆ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တစ်ရက်တည်း နှစ်ကြိမ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင် စီက မြို့တွင်းလုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မတ် ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်မှာ မော်လမြိုင်လေဆိပ်ကို တော်လှန်ရေးအင်အားစုအဖွဲ့ တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း လေဆိပ်ပြေးလမ်း အနည်းငယ်ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လုံခြုံရေးယူထားတဲ့…

ကော့ဘိန်းတိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ စစ်ရှောင်နေရ

ကော့ဘိန်း ၊ မတ် ၂၆ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကြောင့် ကျေးရွာ ၆ ရွာထက်မနည်း ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကော့ဘိန်းနယ်မြေရဲစခန်းကို ပြီးခဲ့တဲ့မတ် ၂၄ ရက်နေ့ မနက် ၇ နာရီအချိန်ကစလို့ မွန်နဲ့ကရင်လက် နက်ကိုင်တော်လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ တစ်ရက်ကျော်ကြာ ဆင်နွှဲခဲ့တဲ့ ကော့ဘိန်းရဲစခန်းကို မတ်…

စစ်မှုထမ်းဥပဒေကို မြို့နယ်ပေါင်း ၁၇၂ မြို့မှာ အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကြိုးပမ်း

နေပြည်တော် ၊ မတ် ၂၆ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေအတွင်း အရေးနိမ့်လာနေတဲ့ စစ်ကောင်စီဟာ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီး မြို့နယ်ပေါင်း ၁၇၂ မြို့ မှာ အ‌ကောင်အထည်ဖော်ဖို့ ကြိုးပမ်းလာနေပါတယ်။ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်ဝင်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀…

ခံသင်းတံတားတိုက်ပွဲမှာ ရေးဘီးလူတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

ရေး၊ မတ် ၂၆ မွန်ပြည်နယ် ရေးမြို့နယ် စုံနံသာရွာနဲ့နှင်းစုံကျေးရွာကြားရှိ စစ်ကောင်စီရဲ့ ခံသင်းတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရေးဘီးလူအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်တို့ တပ်စွဲထားတဲ့ ခံသင်းတံတားဂိတ်ကို မတ် ၂၅ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ရေးဘီးလူအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ အချိန်တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေ…

မန္တလေး ချမ်းအေးသာစံ KBZ ဘဏ် ဓားပြတိုက်ခံရ 

မန္တလေး – မတ် ၂၅ မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ် ၇၄ လမ်းနဲ့ ၃၁ A လမ်းထောင့်က KBZ ဘဏ် ဓားပြတိုက် ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ မတ်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဓားပြတိုက်ခံလိုက်ရတာဖြစ်ပြီး ငွေကျပ်သိန်း ၂၀၀၀ နီးပါး ယူဆောင်သွားတယ်လို့သိရပါတယ်။…

မင်းစောရွာကို စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ၊ စာသင်ကျောင်းအပါအဝင်နေအိမ် ၁၇ လုံး ပျက်စီး

ဘားအံ၊ မတ် ၂၅ KNU သထုံခရိုင်အုပ်ချုပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ် မင်းစောကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းအပါအဝင်နေအိမ် ၁၇ လုံး ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့က မှော်ဘီလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ လေယာဉ်တစ်စီးဟာ တိုက်ပွဲဖြစ်ပွားခြင်း…

ကော့ဘိန်းရဲစခန်း အလံဖြူထောင် လက်နက်ချအညံ့ခံ

ကော့ဘိန်း ၊ မတ် ၂၅ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မွန်းလွဲပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်နေတဲ့ ကော့ဘိန်းရဲစခန်းကို ဒီနေ့မတ် ၂၇ ရက်နေ့ မနက် ၇ နာရီအချိန်ကစပြီး မွန်၊ ကရင်နဲ့ PDF တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ အချိန်တစ်ရက်ကျော်ကြာ တိုက်ခိုက်ခဲ့တဲ့…