ကျိုက်ထို – မတ် ၂၄

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်က တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးစဉ် ပြန်လည်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက သတင်း ထုတ်ပြန်ထားပါတယ်။

ဒီနေ့မတ်လ ၂၄ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ သူဟာနေအိမ်မှ အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်နဲ့ သွားရောက်စဉ် စစ်ကောင်စီ ခမရ ၂ တပ်ရင်းအနီး လမ်းခုလတ်နေရာမှာ ပစ်ခတ်ခံ ခဲ့ရတာပါ။

အသေဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ ကျေးရွာအတွင်းက လူငယ်တွေကို စစ်မှုထမ်းဖို့ စာရင်း ကောက်ခံတာနဲ့ လူစုတာတွေ လုပ်ဆောင်နေပြီး မတ်လ ၂၅ ရက်နေ့မှာ စစ်မှုထမ်းဖို့အတွက် မဲနှိုက်ပြီး လူရွေးပွဲလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးကို ကျိုက်ထိုတော်လှန်ရေးအင်အားစု Kyaik Hto Revolution Force – KRF နဲ့ ကျိုက်ထို ပကဖတို့ ပူးပေါင်းပြီး ရှင်းလင်းခဲ့တာဖြစ်တယ်လို့ အသိပေးထားပြီး တော်လှန်ရေးတပ်တွေဘက်က ထိခိုက်မရှိဘူးလို့ ဆိုထားပါတယ်။

ကျိုက်ထိုတော်လှန်ရေး အင်အားစုအနေနဲ့ ထုတ်ပြန်ခဲ့တဲ့အတိုင်း စစ်မှုထမ်းဥပဒေကို အကောင် အထည်ဖော်နေတဲ့ စစ်တပ်လက်အောက်ခံတွေကို အရေးယူရှင်းလင်းသွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမှီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူး ၃ ဦးအထိ ရှင်းလင်းခံထားရတယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.