March 21, 2024

KNU ဖာပွန်ခရိုင်က ကျေးရွာတွေကို နှစ်ရက်အတွင်း စစ်တပ်ဒရုန်းဗုံးအလုံးပေါင်း ၂၀၀ ကျော် ကြဲချ

ဖာပွန်၊ မတ် ၂၂ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ အုပ်ချုပ်နယ်မြေရှိ အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာတွေအပေါ်ကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ဒရုန်းဗုံးသီးအလုံးပေါင်း ၂၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် မယ်ကလောကျေးရွာအုပ်စုအတွင်းရှိ ဘော့ထာကျေးရွာအတွင်းအပြင်နဲ့ လူသွားလမ်းပေါ်ကို စစ်ကောင်စီတပ်က မတ် ၂၀…

တနင်္သာရီမှာ လက်နက်ကြီးကျလို့ စစ်ရှောင်နှစ်ဦး ပြင်းထန်ဒဏ်ရာရ

တနင်္သာရီ၊ မတ် ၂၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာထဲကို မတ် ၂၁ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇဝဲရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၅၆) ခြေမြန်တပ်ရင်းကနေ သုံးမိုင်နီးပါး ကွာဝေးတဲ့ ရမ်းဖိုရွာတဝိုက် လက်နက်ကြီး ၁၀ လုံးထက်မနည်း…

စစ်ကောင်စီ ဆက်လက်တည်ရှိရေး အန္တရာယ်ကျရောက်နေပြီလို့ ကုလကျွမ်းကျင်သူ ပြော

ဂျီနီဗာ ၊ မတ် ၂၂ မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ဆက်လက်တည်ရှိရေး အန္တရာယ်ကျရေက်နေပြီဖြစ်တဲ့ အတွက် သူတို့ရဲ့ အုပ်ချုပ်မှုအဆုံးသတ်ရေး စုပေါင်းအရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ရ မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပြောခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ တပ်ကထွက်ပြေးမှု၊လက်နက်ချမှုတွေနဲ့ တပ်သားသစ်စုဆောင်းရေး ပြဿနာတွေအပြင် တပ်တွင်းသေဆုံးမှုများနေတဲ့အတွက် အင်အားလျှော့နည်းနေပြီး ဆက်လက် ရှင်သန်ရပ်တည်ရေး အန္တရာယ်ကျရောက်နေတာလို့ တွမ်အန်ဒရူးက ဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနဲ့ ဥပဒေစိုးမိုးမှု…

စစ်သင်္ဘောဆုံးရှုံးမှုကြောင့် ရုရှားရေတပ်ဦးစီးချုပ် ပြောင်းလဲခန့်အပ်

မော်စကို၊ မတ် ၂၂ ခရိုင်းမီးယားဒေသမှာ ရုရှားသမ္မတ ဗလာဒီမာပူတင် တန်ဖိုးထားတဲ့ ရေတပ်သင်္ဘောအုပ်စုတွေကို ယူကရိန်းဘက်က ထိထိရောက်ရောက်တိုက်ခိုက်နေတာကြောင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်ဖို့ ရေတပ်အကြီးအကဲအသစ်တစ်ဦး ခန့်အပ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ခရိုင်းမီးယားရေယာဉ်အုပ်စုရဲ့ တပ်မှူးအဖြစ် တစ်နှစ်ကြာ တာဝန်ယူ ခဲ့တဲ့ ရေတပ်ဗိုလ်ချုပ် အလက်ဇန်းဒါး မွိုက်ဆီကို ပူတင်ရဲ့ မွေးရပ် စိန့်ပီတာစဘက်မြို့မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ရေတပ်ဦးစီးချုပ်အဖြစ်…

သင်္ဃန်းညီနောင်တိုက်ပွဲမှာ တော်လှန်ရေးတပ်တွေ ထိခိုက်သေဆုံးများခဲ့တယ်လို့ စစ်တပ် သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ကရင်ပြည်နယ်၊မြဝတီမြို့ သင်္ဃန်းညီနောင်တိုင်ပွဲမှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ရာနဲ့ချီထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ် ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို ကျော်စွာ၊ဟန်ငြိမ်းဦးနဲ့ မှိုင်းဝေစတဲ့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေနဲ့ စစ်တပ်လိုဂိုပုံ…

မြိုင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ တော်လှန်ရေးတပ်တွေပြော

မြိုင် – မတ် ၂၁ မကွေးတိုင်း၊မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီထံက လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိသလို ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့ တယ်လို့ မြိုင် ပကဖက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ကိုင်းတောမကျေးရွာ စက်ရေတွင်းအထိုင်စခန်းမှထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၂ ဦးပါ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ “မီတာ သုံးဆယ်အကွာကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့…

ဘွမ်ရေဘွမ့်စခန်းကို NUG ကာကွယ်ရေးဝန်ကြီးနဲ့ KIA စစ်ဦးစီးချုပ်တို့ သွားရောက်စစ်ဆေး

လိုင်ဇာ၊ မတ် ၂၁ ကချင်ဒေသ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားတဲ့ ဘွမ်ရေဘွမ့်စခန်းကို အမျိုးသားညီညွတ် ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းတို့ သွားရောက်စစ်ဆေးခဲ့တယ်လို့ NUG က မတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဘွမ်ရေဘွမ့်စခန်းဟာ စစ်ကောင်စီရဲ့ ရှေ့တန်း အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပွိုင့်…

KNU နယ်မြေက အရပ်သားတစ်ဦးကို စစ်တပ် ဓါတ်ဆီလောင်မီးရှို့သတ်ဖြတ်

ထန်းတပင်၊ မတ် ၂၁ ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်အုပ်ချုပ်နယ်မြေ ထန်းတပင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အရပ်သားတစ်ဦးကို ဖမ်းဆီးပြီး ကြိုးတုပ်ကာ ဓါတ်ဆီလောင်းမီးရှို့သတ်ဖြတ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့က KNU ထန်းတပင်မြို့နယ် ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အသက် ၇၀ အရွယ် ဦးတင်ဆောင်အား…

သထုံမှာ ဒလန်ရှင်းလင်းစဉ် ညီဖြစ်သူ မှားယွင်းပစ်ခတ်ခံရလို့ သေဆုံး

သထုံ၊ မတ် ၂၁ မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာမှာ ဒီနေ့ မတ် ၂၁ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က အစ်ကိုဖြစ်သူ စစ်ကောင်စီသတင်းပေးဒလန်အား လာရောက်ရှင်းလင်းစဉ် ညီဖြစ်သူ မှားယွင်းပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မွန်ပြည်နယ် ပကဖက ဝန်ခံပါတယ်။ ဂေါ့ကျေးရွာလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်းလာတဲ့ စစ်ကောင်စီသတင်းပေးဒလန် ကိုသား ငယ်ရဲ့ ညီဖြစ်သူ အသက် ၃၃…