မော်စကို၊ မတ် ၁၉

ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ပဉ္စမမြောက် ရာထူးသက်တမ်းအတွက် မဲ ၈၇ ရာခိုင်နှုန်းနဲ့ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက် သမ္မတ ဗလာဒီမာ ပူတင်က မိမိတို့ ရွေးကောက်ပွဲဟာ အနောက်တိုင်းရွေးကောက်ပွဲတွေထက် ပိုမိုပွင့်လင်းမြင်သာရှိတယ်လို့ ပြောပါတယ်။

အနိုင်ရဖို့ ရာနှုန်းပြည့်နီးပါး သေချာနေတဲ့ ရွေးကောက်ပွဲမှာ ပူတင်ဟာ ကရင်မလင်နန်းတော်က ခွင့်ပြုခဲ့တဲ့ တခြားကိုယ်စားလှယ်လောင်း သုံးဦးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

အမှန်မှာတော့ ယုံကြည်ရတဲ့ ဘယ်အတိုက်အခံကိုယ်စားလှယ်လောင်းကိုမှ ရွေးကောက်ပွဲဝင်ခွင့် မပေးခဲ့ဘူးလို့ သိရပြီး သေဆုံးသွားပြီဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် အလက်စီ နာဗယ်နီကို ထောက်ခံသူတွေကတော့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့က ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မဲရုံတွေကို ရံဖန်ရံခါ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး မဲပုံးတွေကို ဖျက်ဆီးတာတွေလည်းရှိခဲ့တဲ့အတွက် ရုရှားနိုင်ငံသား ၈၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ OVD-Info က ပြောပါတယ်။

ဂျာမနီအစိုးရက ဖိနှိပ်မှု အကြမ်းဖက်မှုတွေကို အားကိုးပြီး အုပ်ချုပ်နေတဲ့ အာဏာရှင်လက်အောက်က အစစ်အမှန်မဟုတ်တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ဆိုထားသလို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်က ယူကရိန်း နယ်နိမိတ်တွေထဲမှာ တရားမဝင် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့အတွက် ပြစ်တင်ရှုတ်ချထားပါတယ်။

ဒါ့အပြင် ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရုရှားအာဏာရှင်ဟာ နောက်ထပ်ရွေးကောက်ပွဲ တစ်ပွဲကို အရင်ကနဲ့ ပုံစံတူကျင်းပခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရုရှားရွေးကောက်ပွဲကို ၃ ရက်ကြာ ကျင်းပခဲ့ပေမယ့် ယူကရိန်းနိုင်ငံအတွင်းက ရုရှားသိမ်းယူထားတဲ့ ဒေသတွေမှာ မဲပေးသူ ပိုများစေဖို့အတွက် အချိန်ပိုပေးခဲ့တယ်လို့ သိရပါတယ်။

ဒီရွေးကောက်ပွဲရလဒ်ကြောင့် ဆိုဗီယက်အာဏာရှင် ဂျိုးဆက်ဖ် စတာလင်နောက်ပိုင်း သက်တမ်းအရှည်ဆုံး ရုရှားခေါင်းဆောင် ပူတင်ဟာ ၂၀၃၀ အထိ အာဏာဆက်လက်စွဲကိုင်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.