February 2024

NUG နဲ့ မွန်ပြည်သစ် AD တို့ မဟာမိတ်ပူးပေါင်းရေး သဘောတူ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၂ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) AD အဖွဲ့တို့ဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် ခိုင်မာတဲ့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့တယ်လို့ NUG ဘက်က သတင်းထုတ်ပြန်ပါတယ်။ NUG မဟာမိတ်ဆက်ဆံရေး ကော်မတီအဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့အဖွဲ့ဟာ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျဦးဆောင်အဖွဲ့နဲ့ ဒီနေ့ ဖေဖော်ဝါရီ…

ပျူစောထီးတွေက အရပ်သား ၁၀ ဦးကိုသတ်ဖြတ်ခဲ့ပေမယ့် PDF တွေလက်ချက်ဖြစ်တယ်လို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ပျူစောထီးကျေးရွာအခြေစိုက် ပျူစောထီးအဖွဲ့က ပတ်ဝန်းကျင်ကျေးရွာတွေက အရပ်သားပြည်သူ ၁၀ ဦးကိုသတ်ဖြတ်ခဲ့ပေမယ့် PDF တွေလုပ် ဆောင်တာဆိုပြီး ဝါဒဖြန့်နေတာကို စိစစ်ပေးသွားမှာပါ။ ဒီအကြောင်းကို သတင်းတမာန်၊ Kyaw Swar…

KNU နယ်မြေထဲ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦး သေဆုံး ၅ ဦးဒဏ်ရာရ

မုန်း၊ ဖေဖော်ဝါရီ ၂၂ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်နဲ့ ရွှေကျင်မြို့နယ်ထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရွှေဝါအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၀၇) ခြေမြန်တပ်ရင်းကနေ မုန်းမြို့နယ် လက်တက်ကြီးကျေးရွာထဲကို…

အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းရဲ့ နေရာတချို့ကို AA စတင်သိမ်းပိုက်

မင်းပြား၊ ဖေဖော်ဝါရီ ၂၂ ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းရဲ့ အရေးကြီးတဲ့ နေရာတချို့ကို သိမ်းပိုက်ရရှိထားပြီလို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါ ရီ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ…

မြိတ်မှာ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

မြိတ်၊ ဖေဖော်ဝါရီ ၂၂ တနင်္သာရီတိုင်း မြိတ်မြို့ကမ်းနားလမ်း Seaview ကွန်ဒိုအနီး ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုအတွင်း ဒေ သခံအမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဲဒီဗုံးပေါက်ကွဲမှုဟာ မနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာတဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။ ဗုံးပေါက်ကွဲမှုကြောင့် မိတ်ကပ်ဖန်တီးရှင် ကိုဇော်လင်းဦးသေဆုံးပြီး…

စစ်အာဏာသိမ်း (၁၁၁၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၆၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၂ AAPP ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၁၆) ရက်အတွင်း ပြည်သူ (၄၅၆၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၁၆၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၀၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်အာဏာရှင်တိုက်ဖျက်မယ့် မွန်ပြည်သစ်ပါတီ AD ဖိတ်ခေါ်မှု မွန်လူငယ်တွေ ထောက်ခံကြိုဆို

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၂ ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်လူငယ်တွေအနေနဲ့ အမျိုးသားရေးတာဝန်တွေ လာရောက်ထမ်းဆောင်ကြဖို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) AD အဖွဲ့ရဲ့ ဖိတ်ခေါ်မှုအပေါ် ထောက်ခံကြို ဆိုတယ်လို့ မွန်လူငယ်တွေက ပြောပါတယ်။ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) AD အဖွဲ့က မွန်လူငယ်တွေအနေနဲ့ စစ်သင်တန်းတက်ရောက်ထားကြတဲ့ ရဲဘော်တွေ ပူးပေါင်းပြီး အမျိုးသားရေး တာဝန်ထမ်းဆောင်ကြဖို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ…

အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ခေါ်ယူမယ့် အစီအစဉ်မရှိသေးဘူးလို့ စစ်‌ကောင်စီပြော

နေပြည်တော် ၊ ဖေ‌ဖော်ဝါရီ ၂၂ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေအရ စစ်မှုထမ်းတွေ ဆင့်ခေါ်တဲ့နေရာမှာ အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ဝါဒဖြန့် ပလက်ဖောင်းတွေမှာ ပြောဆိုလာပါတယ်။ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင် နိုင်ဖို့ အကျုံးဝင်နိုင်တဲ့ လူအင်အား ၁၃ သန်းရှိတယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာ တွေမှာ ဖော်ပြပါတယ်။…

ကရင့်လက်နက်ကိုင်အဖွဲ့တွေ ပြန်လည်ပေါင်းစည်းဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

ဘားအံ၊ ဖေဖော်ဝါရီ ၂၂ ကရင့်လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပြန်လည်ပေါင်းစည်းပြီး စည်းစည်းလုံးလုံး စုစုဝေးဝေးနဲ့ လုပ်ကိုင်ဆောင်ရွက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့က လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ပြည် သူလူထုထံ သတင်းအမှာစကားပြောကြားရာမှာ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU…

ကြာအင်းဆိပ်ကြီးမှာ စစ်တပ်ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကြာအင်းဆိပ်ကြီး ၊ ဖေဖော်ဝါရီ ၂၂ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအ စည်းအရုံး KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီရဲ့ သံဖြူဇရပ်အခြေစိုက် အမှတ် (၃၁၅) အမြောက်တပ်ကနေ လွတ်ရှမ်းကျေးရွာထဲကို…