February 2024

ဒီးမော့ဆိုကို လေကြောင်းတိုက်ခိုက်မှုမရှိခဲ့ဘူးလို့ စစ်တပ်လိမ်လည်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီးမော့ဆိုမြို့ကို တပ်မတော်လေကြောင်းနဲ့ ပစ်ခတ်မှုမလုပ်ခဲ့ဘူးလို့ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေနဲ့ လော်ဘီတွေသတင်းမှားဖြန့်နေတာကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်အုပ်စုလက်အောက်ခံ ကြေးမုံ၊မြန်မာ့အလင်းသတင်းစာ၊MWD၊MRTV၊ MOI အပါအဝင် အကောင့်တုတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖေဖော်ဝါရီလ ၆…

စစ်အာဏာသိမ်း (၁၁၀၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၈၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၆ AAPP ရဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၀၀) ရက်အတွင်း ပြည်သူ (၄၄၈၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၉၇၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၃၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မော်လမြိုင်မြို့အနီး နိုင်ငံတကာလေဆိပ်နဲ့ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဖို့ ဖိအားပေး

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၆ အာဏာသိမ်းစစ်ခေါင်းဆောင် စိတ်ကူးယဉ်ထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့အနီး နိုင်ငံတကာအဆင့်မီလေဆိပ်နဲ့အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဖို့ ပြည်နယ်စစ်ကောင်စီဘက်က ဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။ ဒီစီမံကိန်းနှစ်ခု စတင်နိုင်ဖို့အတွက် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦး ဆောင်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရုံးမှာ အစည်းအဝေး တစ်ရပ်ခေါ်ယူကျင်းပခဲ့တာပါ။ အစည်အဝေးအတွင်း…

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလ နှစ်ဖက်ပစ်ခတ်မှုအတွင်း အရပ်သား ၈၀ ထက်မနည်းထိခိုက်သေဆုံး

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ်မှာ အာဏာသိမ်းသုံးနှစ်တာကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်‌ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေမှာ အရပ်သား ၂၀ သေဆုံးပြီး ၆၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်က ဖော်ပြပါတယ်။ လဂွန်းအိမ်စာစဉ်ကတော့ ဒီအချက်အလက်တွေဟာ မီဒီယာတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို အဓိကထားကောက်ယူပြီး လက်လှမ်းမီသမျှ မြေပြင်အဖွဲ့အစည်းတွေဆီက ကောက်ယူထားတာလို့ ဆိုပါတယ်။ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေ၊ စစ်ကောင်စီတပ်ကနေ ကျေးရွာတွေထဲ…

ကော်သူးလေပြည် တည်ထောင်မယ်လို့ KNU ဥက္ကဋ္ဌ ထပ်လောင်းအတည်ပြု

မော်လမြိုင်၊ ဖေဖော်ဝါရီ ၆ လွတ်လပ်မှု တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ကော်သူးလေ(ကရင်ပြည်) တည် ထောင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြား လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဖွဲ့စည်းတည် ထောင်ခြင်း ၇၇ နှစ်ပြည့်နေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်တာဖြစ်ပါတယ်။…

သရက်ချောင်းတိုက်ပွဲအတွင်း အမျိုးသမီးတစ်ဦးသေဆုံး၊ ဒေသခံထောင်ချီ စစ်ရှောင်နေရ

သရက်ချောင်း၊ ဖေဖော်ဝါရီ ၆ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကင်းရှေ့ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အ ရပ်သားပြည်သူ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကျေးရွာ ၃ ရွာထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ တပ်အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကနေ ကင်းရှေ့ကျေးရွာမှာ…

နိုင်ငံဖြိုခွဲဖို့ ကြိုးပမ်းသူတွေကို အင်အားသုံးနှိမ်နင်းမယ်လို့ ဖိလစ်ပိုင်အစိုးရ ပြော

မနီလာ၊ ဖေဖော်ဝါရီ ၆ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက တောင်ပိုင်းကျွန်းတချို့ကို နိုင်ငံကခွဲထုတ်မယ်လို့ ပြောဆိုခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက နိုင်ငံပြိုကွဲအောင်လုပ်ဖို့ ကြိုးပမ်းသူတွေကို အင်အားသုံးနှိမ်နင်းဖို့ အသင့်ရှိတယ်လို့ လုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဖာဒီနန်မားကိုစ့်နဲ့ မဟာမိတ်ဖွဲ့မှုတစ်ခု ပျက်ပြယ်သွားပြီးနောက် ဒူတာတေးက သူ့ရဲ့မွေးရပ်မြို့ဖြစ်တဲ့ မင်ဒါနာအိုကို နိုင်ငံက ခွဲထုတ်ပြီး လွပ်လပ်ရေး…

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းနဲ့ ဇနီတို့ကို တရားမဝင်လက်ထပ်မှုနဲ့ ထောင် ၇ နှစ်ချခံရ

အစ္စလာမ်မာဘက်၊ ဖေဖော်ဝါရီ ၆ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနဲ့ ဇနီးဖြစ်သူ ဘူရှရာ ခန်းတို့ရဲ့ ၂၀၁၈ ခုနှစ်က လက်ထပ်မှုဟာ ဥပဒေချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး တရားရုံးက ထောင်ဒဏ် ၇ နှစ်စီနဲ့ ဒဏ်ငွေ ဒေါ်လာ ၁၈၀၀ ချမှတ်ခံခဲ့ရတယ်လို့ သက်ဆိုင်ရာပါတီက ပြောပါတယ်။ အခုပြစ်ဒဏ်ဟာ ဒီတစ်ပတ်အတွင်း အီမရန်ခန်းအပေါ် တတိယအကြိမ်မြောက် ချမှတ်တဲ့ ပြစ်ဒဏ်ဖြစ်ပြီး သူပါဝင်ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ တားမြစ်ထားတဲ့…

တနင်္သာရီ မောတောင်ငယ်ဒေသကို စစ်တပ်လေယာဉ်နဲ့ဗုံးကြဲ

တနင်္သာရီ၊ ဖေဖော်ဝါရီ ၅ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်ငယ်ရွာအနီးဝန်းကျင်ကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့လာရောက်ဗုံးကြဲသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ Mi 35 စစ်ရဟတ်ယာဉ်ဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မောတောင်ငယ်ကျေးရွာနဲ့ မြိတ်-မောတောင်လမ်းပိုင်းပေါ်ကို ဗုံး ၁၁ လုံးကြဲချခဲ့တာ ဖြစ်ပါတယ်။…

လွိုင်ကော်အကျဉ်းထောင်က လွတ်ရက်စေ့အကျဉ်းသားတွေကို စစ်ကောင်စီပြန်မလွှတ်သေး

လွိုင်ကော် – ဖေဖော်ဝါရီ ၅ ကရင်နီပြည်နယ်၊လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေထဲမှာ လွတ်ရက်စေ့နေသူတွေရှိနေပေမယ့် စစ်ကောင်စီက ပြန်မလွှတ်ပေးသေးဘဲ ဖမ်းချုပ်ထား ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPMN ကထုတ်ပြန် ထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် အကျဉ်းသားတွေရဲ့ လုံခြုံရေးအကြောင်း ပြချက်နဲ့ အကျဉ်းသား ၂၀ လောက်ကို ပြန်မလွှတ်ပေးတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄…