မော်လမြိုင် – ဖေဖော်ဝါရီ ၁၁

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူတွေကို အတင်းအကျပ်စစ်မှုထမ်းခိုင်းတာဟာ စက်ဆုတ် ရွံရှာဖွယ်ဖြစ်ပြီး မြန်မာလူငယ်တွေရဲ့ အနာဂတ်တွေကို ပိုပြီးဖျက်ဆီးလိုက်တာဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

န.အ.ဖ စစ်အစိုးရ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အာဏာတည်စေမယ်လို့ အမိန့်ကြော်ငြာစာထုတ်ခဲ့တာနဲ့ပတ်သက်ပြီး ယာယီသမ္မတက သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

အဲဒီဥပ‌ဒေမှာတော့  အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ်ပြည်ပြီး ၃၅ နှစ် မပြည့်သေးတဲ့သူ၊ အမျိုးသမီးဖြစ်ရင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ် မပြည့်သေးတဲ့သူ  နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။ 

စစ်မှုထမ်းကာလကိုတော့ ၂ နှစ်သတ်မှတ်ထားပြီး နိုင်ငံတော်မှာ အရေးပေါ်အခြေအနေဖြစ်ရင် အစိုးရဖွဲ့က ပြည်သူ့စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းမှု ၃ နှစ်အတွင်း စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲကြောင့် အရေးမလှဖြစ်လာနေတာပါ။

တစ်ဖက်မှာ တပ်အင်အားပြူန်းတီးမှုနဲ့အတူ တပ်ဖွဲ့ဝင်တွေလက်နက်ချအညံ့ခံမှု ထောင်ချီရှိလာ တဲ့အတွက် ပြည်သူ့စစ်‌တွေကို ပစ်ခတ်စဉ်ပါတဲ့ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးနေ တာလည်း ရှိနေပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အခန်း ၁ ပုဒ်မ ၁ ပုဒ်မခွဲ(ခ)မှာ ဤဥပဒေသည် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်ရမည်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ၂၀၁၁ ခုနှစ် စကားရပ်များအစားထိုးခြင်းဆိုင်ရာ ဥပဒေအရ နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဆိုတဲ့စကားရပ်ကို နိုင်ငံတော် သမ္မတလို့ အစားထိုးသုံးစွဲ ရမယ်လို့ ပြဌာန်းထားတာကြောင့် တည်ဆဲဥပဒေတွေအရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာ တည်ပိုင်ခွင့်ရှိတာဟာ တရားဝင်အစိုးရတရပ်က ခန့်အပ်တာဝန်ပေးထားတဲ့ နိုင်ငံတော်သမ္မတ သာလျှင်ဖြစ်တယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.