ဂန့်ဂေါ – ဖေဖော်ဝါရီ ၇
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာမှာ ပျူစောထီးတွေက PDF နှစ်ဦးကို သံကြိုးတုပ်ပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ ရဲဘော်နှစ်ဦးရဲ့ပုံကို အသုံးချ ပုံမှား ရိုက်ပြီး အလှူမခံကြဖို့ ယောဒေသကာကွယ်ရေးတပ် YDF က သတင်းထုတ်ပြန်ထားပါတယ်။
ယောဒေသကာကွယ်ရေးတပ်မှ ရဲဘော်ဖိုးတေနဲ့ ရဲဘော် သားထောင်တို့ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက အဲဒီရဲဘော် ၂ ဦးကို ရိုက်နှက် နှိပ်စက်ပြီး သံကြိုး တွေနဲ့ တုပ်ကာ မြောက်ခင်ရန်းရွာရဲ့ မြောက်ဘက် ဆေးရုံရှေ့က ကုက္ကိုလ်ပင်မှာ မီးရှို့သတ်ဖြတ် ခဲ့တာပါ။
ယောဒေသကာကွယ်ရေးတပ်က တာဝန်ရှိသူတွေက မြင့်မြတ်စွာ အသက်ပေးသွားတဲ့ ရဲဘော် တွေကို လေးစားသောအားဖြင့် ရဲဘော်တွေရဲ့ ပုံကို အသုံးချပုံမှားရိုက်ပြီး အလှူခံအလွဲသုံးစား မပြုလုပ်ကြဖို့ အထူးမေတ္တာရပ်ခံထားတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် ပြည်သူအားလုံးသွေးမအေးဘဲ တော်လှန်ရေးအောင်မြင်တဲ့အထိ အရှိန်မြှင့်တင် ပူးပေါင်းပါဝင်သွားကြဖို့လည်း တိုက်တွန်းတယ်လို့ YDF က အသိပေးထားပါတယ်။
တော်လှန်ရေးရဲဘော်နှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ မြောက်ခင်ရန်းကျေးရွာဟာ စစ်တပ်ထောက် တိုင် ဘူးလက်လှဆွေရဲ့ လက်အောက်ခံနေရာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media