သံတောင်ကြီး၊ ဖေဖော်ဝါရီ ၅

ကရင်ပြည်နယ် သံတောင်ကြီးခရိုင် သံတောင်ကြီးမြို့နယ် လိပ်သိုဗျုဟာ လက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါပတယ်။

မိုင်းလွန်ပင်မစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနတို့ ပူးပေါင်းပြီး ၃ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ကြီးကျည်၊ ရိက္ခာတွေနဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါ တယ်။

မိုင်းလွန်ပင်မစခန်း တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.