ရေဖြူ၊ ဖေဖေါ်ဝါရီ ၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင် အခြေစိုက် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦးသေ ဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂ ရက်နေ့ မနက် ၈ နာရီခွဲ အချိန်ခန့်မှာ ရေး-ထား ဝယ်ကားလမ်းပေါ်ရှိ ကလိန်အောင်မြို့နဲ့ ကျောက်ရှပ်ကျေးရွာကြားမှာရှိတဲ့ စစ်ကောင်စီ အမှတ်-၄၁၀ ခြေမြန်တပ်ရင်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဒရုန်ဖြင့် ဗုံးသီး ၄ လုံးထက်မနည်း ကြဲချ တိုက် ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သလို ၇ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တပ်ရင်းအတွင်းရှိ အဆောက်အအုံ အချို့လည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေမှ ဝေဟင်မှ ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီတပ်က လက်နက်ငယ်တွေဖြင့် ပြန် လည်ပစ်ခတ်ခဲ့သလို လက်နက်ကြီး ၁၅ လုံးထက်မနည်း ရမ်းသမ်း ပစ် ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အနီးအနား ကျေးရွာရှိ ဥယာဉ်ခြံတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ မရှိဘူးလို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့လက စပြီး စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေကြား နှစ်ဖက်တိုက်ပွဲ ပြန်လည် ပြင်းထန်ခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေကိုပါ လုပ် ဆောင်လာတွေကြောင့် မြို့နယ်အချို့က ကျေးရွာတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ် မှာလည်း ကလိန်အောင်မြို့နဲ့ ကျောက်ရှပ်ကျေးရွာကြားရှိ ခမရ-၄၀၉ တပ်ရင်း ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခံရပြီး အဆောက်အဦးအချို့ ထိခိုက် ပျက်ဆီးခဲ့သလို စစ်ကောင်စီ တပ်သားတွေလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Dawei Defense Team (DDT) တပ်ခွဲ-၃

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.