လောင်းလုံ၊ ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်ရှိ မောင်းမကန်နယ်မြေရဲစခန်းကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက်အ စောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရတာကြောင့် မနက် ၆ နာရီခွဲကနေ ၇ နာရီခွဲအထိ အချိန်တစ်နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီရေတပ် စစ်သင်္ဘောကလည်း လက်နက်ကြီး အဆက်မပြတ် ပစ်ကူ ပေးခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး ပြည်သူကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ ဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ စစ်ဆင်ရေးမှာပါဝင်တဲ့ PDF ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မောင်းမကန်ရဲစခန်းတိုက်ပွဲကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေနဲ့ ထားဝယ်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်တာတွေ ရှိနေတယ်လို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း မောင်းမကန်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲစခန်းအဆောက်အဦးတချို့ မီးလောင်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ လောင်းလုံးမြို့ပေါ် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ သုံးခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အချိန် ၅ နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ တာပါ။

မောင်းမကန်ရဲစခန်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း တစ်စုံတစ်ရာ အသိပေးထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.