January 2024

ဘုရားဌာပနာဖောက်တယ်လို့ စစ်တပ်စွပ်စွဲချက် TNLA ပယ်ချ

နမ့်ဆန် – ဇန်နဝါရီ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ဆန်မြို့အဝင် တောင်ကုန်းပေါ်မှာရှိတဲ့ စေတီတစ်ဆူကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲနေတာနဲ့ပတ်သက်ပြီး TNLA ဘက်ကပယ်ချလိုက်ပါတယ်။ စစ်ကောင်စီဝါဒဖြန့် ပြည်ကြားရေးဝန်ကြီးဌာနက နမ့်ဆန်မြို့အဝင်မှာရှိတဲ့ စေတီတစ်ဆူကို ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး TNLA ဘက်က ဘက်ဟိုးနဲ့ဖြိုချကာ ဇန်နဝါရီလ ၂၀ ရက်နေ့ မှာတော့…

မွန်ညီညွတ်ရေးပါတီ နာယက နိုင်ငွေသိန်းရဲ့ ဈာပန မော်လမြိုင်မှာ ပြုလုပ်မယ်

မော်လမြိုင် ၊ ဇန်နဝါရီ ၂၄ မွန်ညီညွတ်ရေးပါတီ နာယက ဆရာကြီး နိုင်ငွေသိန်းရဲ့ ဈာပနအခမ်းအနားကို လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ မော်လမြိုင်မြို့ရှိ ပိန္နဲကုန်းသုသာန်မှာ ပြုလုပ်သွားမယ်လို့ ပါတီကနေ အသိပေးထုတ်ပြန်ပါတယ်။ ဆရာကြီး နိုင်ငွေသိန်းဟာ ဇန်နဝါရီ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၃၄ မိနစ်မှာ ရန်ကုန်မြို့ရှိ အာရှတော်ဝင်အထူးကုဆေးရုံမှာ…

စစ်အာဏာသိမ်း (၁၀၈၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၂၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၄ AAPP ရဲ့ ဇန်နဝါရီ (၂၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၈၇) ရက်အတွင်း ပြည်သူ (၄၄၂၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၇၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၀၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ဒေသတွင်း စစ်ကောင်စီရဲ့ ပြည်သူ့ဝန်‌ဆောင်မှုအပေါ် ယုံကြည်အားကိုးမှု ကျဆင်းလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၄ အာဏာသိမ်းကာလမှာ မွန်ဒေသတွင်း စစ်ကောင်စီရဲ့ ဒေသန္တရစီမံအုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့ လုံခြုံရေးဝန်ဆောင်မှုတွေကို ဒေသခံပြည်သူတွေက ယုံကြည်အားကိုးမှု ကျဆင်းလာတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ်ရဲ့ သုတေသနအစီရင်ခံစာက ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ “အကျပ်အတည်းကာလ မွန်ဒေသအတွင်းရှိ ပြည်သူ့ဝန် ဆောင်မှုလေ့လာချက်” အစီရင်ခံစာမှာ အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း မတူညီတဲ့ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူ့ဝန်ဆောင်မှု…

ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ BGF တပ် စစ်ကောင်စီလက်အောက်က ခွဲထွက်

မော်လမြိုင်၊ ဇန်နဝါရီ ၂၄ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေး နွေးညှိနှိုင်းမှု မပြေလည်တာတွေဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ကနေခွဲထွက်ပြီး သီးခြားရပ် တည်သွားမယ်လို့ BGF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ ကရင်နယ်ခြားစောင့်တပ် BGF…

KNU သထုံခရိုင်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး အလင်းဝင်

သထုံ၊ ဇန်နဝါရီ ၂၄ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်နဲ့တကွ အလင်းဝင်ခဲ့တယ်လို့ KNU သထုံခရိုင်က ဇန်နဝါရီ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီ (စကခ-၈)လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ အမှတ် (၄၁၀) ခြေမြန်တပ်ရင်း ဝင်းတာပန်တပ်စခန်းမှ တပ်သား ၂ ဦးနဲ့…

ရေးမှာ စားသောက်ဆိုင်ပိုင်ရှင်အပါအဝင် ဒေသခံ ၅ ဦး ဖမ်းဆီးခံရ

ရေး၊ ဇန်နဝါရီ ၂၄ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စားသောက်ဆိုင်ပိုင်ရှင်အပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန့်မှာ အစင်ကျေးရွာထိပ်ရှိ ရွှေတောင်ကြီး စား သောက်ဆိုင်ပိုင်ရှင် ကိုနေပိုင်နဲ့ဝန်ထမ်း…

ယီမင်မှာ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုတွေအတွက် ယူအေအီးက ရန်ပုံငွေစိုက်ထူပေး

ဒူဘိုင်း၊ ဇန်နဝါရီ ၂၄ ယီမင်နိုင်ငံမှာ နိုင်ငံရေးအရလုပ်ကြံသတ်ဖြတ်မှုတွေအတွက် အာရပ်ဆော်ဘွားများပြည်ထောင်စု UAE နိုင်ငံက ရန်ပုံငွေ စိုက်ထူပေးခဲ့တယ်လို့ ဘီဘီစီသတင်းဌာနရဲ့ စုံစမ်းဖော်ပြချက်အရ သိရပါတယ်။ ယူအေအီးရဲ့လုပ်ရပ်ကြောင့် ယီမင်အစိုးရနဲ့ စစ်ခင်းနေတဲ့အဖွဲ့တွေပါဝင်နေတဲ့ ပဋိပက္ခတွေကို ပိုမိုဆိုးရွားလာစေတယ်လို့ ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ယီမင်နိုင်ငံအခြေစိုက် ဟူသီအဖွဲ့က ပင်လယ်နီကိုဖြတ်သန်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေ ကို တိုက်ခိုက်နေတဲ့အတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိနေတာပါ။ ယီမင်နိုင်ငံရှိ…

ကုန်တင်သင်္ဘောတွေ တိုက်ခိုက်မှုမှာ အီရန်ပါဝင်နေတယ်လို့ ကန်အစိုးရ ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၂၄ ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်အဖွဲ့ရဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုမှာ အီရန်ပါဝင် နေတယ်လို့ အမေရိကန်ရေတပ် အရှေ့အလယ်ပိုင်းတပ်မှူးက AP သတင်းဌာနကိုပြောပါတယ်။ ပင်လယ်နီနဲ့ ဧဒင် ပင်လယ်ကွေ့မှာ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတစ်ခုချင်းစီအတွက် အီရန်က ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ရေတပ်ရဲ့ ပဉ္စမမြောက် ရေယာဉ်အုပ်စုတပ်မှူး ရေတပ်ဒုဗိုလ်ချုပ် ဘရဒ်ကူးပါးက ဆိုခဲ့တာပါ။ ဟူသီအဖွဲ့က ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေဟာ မိမိတို့မျိုးဆက်နှစ်ခုအတွင်း…

ကျောက်ကြီးမှာ လက်နက်ကြီးကျလို့ အရပ်သား ၃ ဦး ထိမှန်ဒဏ်ရာရ

ကျောက်ကြီး၊ ဇန်နဝါရီ ၂၃ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဇန်န ဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် အမှတ်(၂၆၄) ခြေလျင်တပ်ရင်းကနေ ကျောက်ကြီးမြို့…