January 2024

ကမ်းခြေစောင့်ကြပ်ရေး ဖိလစ်ပိုင်နဲ့ ဗီယက်နမ် သဘောတူလက်မှတ်ရေးထိုးမယ်

ဟနွိုင်း ၊ ဇန်နဝါရီ ၂၇ ဖိလစ်ပိုင်သမ္မတ မားကိုစ့်ဂျူနီယာရဲ့ ဗီယက်နမ်ခရီးစဉ်မှာ နှစ်နိုင်ငံကြား ကမ်းခြေစောင့် ကြပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒီလိုလက်မှတ်ရေးထိုးတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က မကျေမနပ်ဖြစ်လာစေနိုင်တယ် လို့ လေ့လာသူတွေက ဆိုထားပြီး ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါတဲ့ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်ရဲ့ ဒေသတချို့ကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ပိုင်ဆိုင်တယ်လို့…

အမေရိကန်မှာ နိုက်ထရိုဂျင်ဓာတ်ငွေ့နဲ့ ပထမဆုံးသေဒဏ်စီရင်

မောင့်ဂိုမာရီ၊ ဇန်နဝါရီ ၂၇ အမေရိကန်ပြည်ထောင်စု၊အလာဘားမားပြည်နယ်မှာ လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားဖြစ်သူ ကန့်နက်ယူဂျင်း စမစ်ကို နိုက်ထရိုဂျင်ဓာတ်ငွေ့အသုံးပြုပြီး ပထမဆုံးသေဒဏ်စီရင်ခဲ့ပါတယ်။ ဒီလိုစီရင်မှုဟာ ရက်စက်ပြီး မူမမှန်တဲ့ အပြစ်ပေးမှုဖြစ်တယ်လို့ စမစ်က နိုင်ငံတော်တရားရုံးမှာ နှစ်ကြိမ်၊ဖက်ဒရယ်တရားရုံးမှာ တစ်ကြိမ် အယူခံဝင်ခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ပါဘူး။ သူဟာ ၁၉၈၉ ခုနှစ်က အမွေကိစ္စနဲ့ တရားဟောဆရာ တစ်ဦးရဲ့ ဇနီးအဲလိဇဘက်ဆန်နက်ကို သတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားပြီး…

ပြည်တွင်းစက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်လာ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၆ အမြင့်ဈေးနဲ့ ဈေးငြိမ်နေတဲ့ ပြည်တွင်းစက်သုံးဆီဈေးဟာ ဒီနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာတော့ တစ်လီတာလျှင် ကျပ် ၁၀၀ ကျော် ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ စက်သုံဆီးရောင်းဝယ်ရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့က တစ်လီတာ ကျပ် ၂၇၇၅ သာရှိတဲ့ ၉၅ ဓာတ်ဆီဟာ ဇန်နဝါရီ ၂၆ ရက်နေ့မှာ…

ထားဝယ် ကျောက်ထုစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံး၊ ၇ ဦး အရှင်ဖမ်းမိ

ထားဝယ်၊ ဇန်နဝါရီ ၂၆ တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ ဘန်ချောင်းဒေသအခြေစိုက် ကျောက်ထုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိရမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တပ်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်တဲ့ ကျောက်ထုစ ခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၃ ရက်နေ့ နေ့လည် ၃…

တနင်္သာရီမှာ ရေဆင်းခပ်တဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

တနင်္သာရီ၊ ဇန်နဝါရီ ၂၆ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ် ကျေးရွာ အုပ်စု လေသာတောင် ဆက်သွယ်ရေးစခန်းကြီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး‌‌ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဇန်နဝါရီ ၂၅ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ ထိုးဒါကြီးရှိ (ဒေသအခေါ်) လေသာတောင် ဆက်သွယ်ရေးကြီးမှာ တပ်စွဲထားတဲ့…

ချောင်းဆုံမှာ အဝီစိရေတွင်းတူးတဲ့ အမျိုးသား ၃ ဦး ဓာတ်လိုက်သေဆုံး

ချောင်းဆုံ၊ ဇန်နဝါရီ ၂၆ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကလွီကျေးရွာမှာ မနေ့ ဇန်နဝါရီ၂၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ အဝီစိရေတွင်းတူးတဲ့ အမျိုးသား ၃ ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ကလွီကျေးရွာနေ ဦးကျော်သက် နေအိမ်ခြံဝင်းအတွင်း အဝီစိရေတွင်းတူးဖော်နေတဲ့ လုပ်သားတွေဖြစ်တဲ့ ဦးလှသန်း၊ မောင်စိုး၊ အောင်ခိုင်စိုးတို့ဟာ တွင်းထဲက သံပိုက်တွေကို…

ဆီဆိုင်မြို့ကို စစ်တပ်လေယာဉ်နဲ့ဗုံးကြဲနေလို့ ဘုန်းကြီးကျောင်းတွေအပါအဝင် ဒေသခံတွေရဲ့ နေအိမ်တွေမီးလောင်နေ

ဆီဆိုင် – ဇန်နဝါရီ ၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်းတွေအပါအဝင် အရပ်သားတွေနဲ့ နေအိမ်တွေမီးလောင်ပျက်စီးမှုတွေရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့နဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO/PNLA တို့ကြားပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ဆီဆိုင်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာပါ။ လက်ရှိအချိန်မှာတော့ တော်လှန်တပ်တွေဟာ စစ်ကောင်စီ ခမရ…

စစ်အာဏာသိမ်း (၁၀၈၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၃၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၆ AAPP ရဲ့ ဇန်နဝါရီ (၂၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၈၉) ရက်အတွင်း ပြည်သူ (၄၄၃၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၉၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၂၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ချောင်းဆုံမြို့နယ်မှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ်ပြုလုပ်နေ

ချောင်းဆုံ၊ ဇန်နဝါရီ ၂၅ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်းမှာ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းရဲ့ ညီမဝမ်းကွဲ ဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ အကြီးအကျယ် ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဦးအောင်ကြည်သိန်းရဲ့ ညီမဝမ်းကွဲဟာ ချောင်းဆုံမြို့နယ် သက္ကောကျေးရွာမှာ လောင်းကစားဝိုင်းကို ကန်ထရိုက်ယူပြီး ဖွင့်လှစ်ထားသလို ကျန်ကျေးရွာတွေမှာလည်း ဘုရားပွဲအပါအဝင် အကြောင်းပြချက်အမျိုးမျိုးနဲ့ လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေတာပါ။ စစ်ကောင်စီနဲ့…

အာဏာသိမ်းမှုအတွင်း ကျောင်းသားထောင်ချီ မွန်အမျိုးသားကျောင်းတွေကို ပြောင်း‌ရွှေ့လာ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၆ စစ်အာဏာသိမ်းမှုအပြီး လုံခြုံရေးအခြေအနေကြောင့် စစ်ကောင်စီလက်အောက်ခံစာသင်ကျောင်းကနေ မွန်အမျိုးသားပညာရေးကျောင်းကို ကျောင်းပြောင်းအပ်နှံမှု အခုပညာသင်နှစ်အထိ ကျောင်း သား ၁၅၀၀ ကျော် ရှိလာတယ်လို့ အစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။ “အကျပ်အတည်းကာလ မွန်ဒေသအတွင်းရှိ ပြည်သူ့ဝန်ဆောင်မှုလေ့လာချက်” အစီရင်ခံစာမှာ အာ ဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း မတူညီတဲ့ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူ့ဝန် ဆောင်မှုအခြေအနေတွေကို ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF)…