January 2024

အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ် စေလွှတ်

လူအန်ပရာဘန်၊ ဇန်နဝါရီ ၃၀ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်စေလွှတ်ထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ထိပ်တန်းသံတမန်က ပြောပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကျင်းပနေတဲ့ အစည်းအဝေးကို စစ်ကောင်စီရဲ့ ကိုယ်စားလှယ် စေလွှတ်တာဟာ အစည်းအဝေးတက်ရောက်ခွင့်ဆိုင်ရာ အာဆီယံမူဝါဒနဲ့ ကိုက်ညီတယ်လို့ ဆိုခဲ့တာပါ။ မြန်မာနိုင်ငံကို အာဏာသိမ်းပြီး ၂ လအကြာမှာ အာဆီယံနဲ့…

KNU နယ်မြေမှာ လက်နက်ကြီးနဲ့မြေမြှုပ်မိုင်းကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရ

မော်လမြိုင်၊ ဇန်နဝါရီ ၂၉ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ တပ်မဟာ(၃) ဆောထိနဲ့မူးမြို့နယ်တို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်နဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှာ KNU ဆောထိမြို့နယ် ဆုံကုန်းကျေးရွာထဲ…

မြဝတီမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ

မြဝတီ၊ ဇန်နဝါရီ ၂၉ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်မှာ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီး ရှေ့တန်းနယ်မြေကို ကွပ်ကဲကိုင်တွယ်နေတေဲ့ စစ်ကောင်စီတပ်မမှူး အပါအဝင် ၅ ဦး သေဆုံးသွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အရ သိရပါတယ်။ မြဝတီမြို့နယ် သင်္ဃန်းညီနောင် အပြင်မဲကနယ်ကျေးရွာဘက်မှာ ဒီနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ KNLA ကော်ဘရာပူးပေါင်းအဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က…

“စကစဘက်ကတော့ ဆေးတွေကို လမ်းကြောင်းမှာ တွေ့ရင်ဖမ်းတယ်။ တချို့ဟာတွေကျတော့ လုံခြုံရေးအရ ပြောလို့မရဘူး။ ဒါအရမ်းခက်ခဲတဲ့ အခြေအနေမျိုးမှာ သယ် ယူရတာတွေရှိပါတယ်”

မိုးဗြဲ ကယ်ဆယ်ရေးအဖွဲ့ MBRT ဟာ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေး ရဲဘော်တွေကို ကျန်းမာရေး စောင့်ရှောက် မှုပေးဖို့နဲ့ စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့ဖွဲ့ထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာလည်း မိုးဗြဲကယ်ဆယ်ရေး အဖွဲ့ MBRT ဟာ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ရဲဘော်တွေကို ရှေ့တန်းအထိ သွားရောက် ကူညီ ကယ်ဆယ်တာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ…

ရေးတံတားကြီးဂိတ် စနိုက်ပါနဲ့ပစ်ခံရ၊ ရဲ တစ်ဦး သေဆုံး

ရေး၊ ဇန်နဝါရီ ၃၀ မွန်ပြည်နယ် ရေးမြို့နယ် ရေးတံတားကြီး စစ်ဆေးရေးဂိတ် စနိုက်ပါနဲ့တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့ဖြစ်တဲ့ ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်နေတဲ့ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ဒေါနစစ်ကြောင်းရဲ့ စနိုက်ပါတပ်စုကနေ သွားရောက်တိုက်ခိုက်ခဲ့တာပါ။ စနိုက်ပါနဲ့ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကာ လူနာတင်ယာဉ်နဲ့…

ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လွှတ်တော်အတည်ပြုချက်လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ ဇန်နဝါရီ ၂၈ တိုင်းရင်းသားဒေသတချို့ကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ တောင်းဆိုလို့မရနိုင်ဘဲ လွှတ်တော်မှာ အတည်ပြုဖို့လိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။ ဇန်နဝါရီ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပ ဒေစိုးမိုးရေးကော်မတီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားခဲ့တာပါ။ စစ်ခေါင်းဆောင်ရဲ့…

မွန်ပြည်နယ်မှာ မီတာခမဆောင်တဲ့ နေအိမ်တွေကို မီတာပုံးဖြုတ်သိမ်းနေ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၈ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုမှာ လျှပ်စစ်မီတာခ မဆောင်တဲ့နေအိမ်တွေကို စစ်ကောင်စီက အခုလ ဆန်းပိုင်းကစပြီး မီတာပုံးဖြုတ်သိမ်းတာနဲ့ မီးကြိုးဖြတ်တောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအထိ မီတာခ မဆောင်တဲ့ နေအိမ်တွေနဲ့ မီတာခ အကြွေးကျန် ကျပ် ၅ သိန်းနဲ့ အထက်ရှိတဲ့ နေအိမ်တွေကို…

ကော့ကရိတ်မြို့ထဲ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု အဆက်မပြတ် လုပ်ဆောင်နေ

ကော့ကရိတ်၊ ဇန်နဝါရီ ၂၈ စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ တစ်မြို့လုံးကို အလုံးစုံပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အ ကြား ၂ လနီးပါးကြာ စစ်ရေးတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဇန်နဝါရီ ၂၆ ရက်နေ့ ည ၉ နာရီအချိန်ကနေ…

ဆန်သယ်ယူခွင့် ကန့်သတ်ချက်ကြောင့် သထုံခရိုင်စစ်ရှောင်တွေ အခက်ကြုံ

သထုံ၊ ဇန်နဝါရီ ၂၈ မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းနဲ့သထုံမြို့နယ်တို့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ဆန်သယ်ယူခွင့်ကန့်သတ်ချက်ကြောင့် အခက်အခဲဖြစ်နေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်က နေ့တိုင်းနီးပါး လက်နက် ကြီး ပစ်ခတ်တာ၊ ဘီးလင်းဝင်းတာပန်စခန်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာနေရာတွေကို အိုး အိမ်စွန့်ခွာထွက်ပြေးနေရတာပါ။ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီက သိမ်ဆိပ်-လေးကေကျေးရွာချင်းဆက်လမ်းနဲ့…

တူရကီနဲ့ဂရိနိုင်ငံကို အမေရိကန်ရဲ့ F-16 တိုက်လေယာဉ်တွေ ရောင်းချမယ်

ဝါရှင်တန်၊ဇန်နဝါရီ ၂၈ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တူရကီနိုင်ငံကို ဒေါ်လာ ၂၃ ဘီလျံတန်ဖိုးရှိတဲ့ F-16 တိုက် လေယာဉ်တွေ ရောင်းချဖို့ သဘောတူလိုက်တယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့က လွှတ်တော်ကို အသိပေးလိုက်ပါတယ်။ လော့ခ်ဟီးမာတင် ကုမ္ပဏီထုတ် F-16 တိုက်လေယာဉ်အစီး ၄၀ နဲ့ ခေတ်မှီဆန်းသစ်ရေး ကိရိယာ ၈၀ ကို တူရကီထံ ရောင်းချဖို့ သဘောတူလိုက်တာပါ။…