မကွေး ပခုက္ကူဒေသမှာ ကြက်သွန်စိုက်ပျိုးဖို့ အခက်ကြုံနေရ
ပခုက္ကူ – ဇန်နဝါရီ ၉ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းက တောင်သူတွေဟာ လောင်စာဆီနဲ့ ဓာတ်မြေဩဇာ ရှားပါးမှုကြောင့် ကြက်သွန်စိုက်ပျိုးမှုလျော့ကျလာပြီးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ တောင်သူ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ လောင်စာဆီရှားပါးတာနဲ့ ဓာတ်မြေဩဇာတန်ဖိုးတွေ မြင့်တက်နေတာကြောင့် ထွန်ယက်စိုက်ပျိုးချိန်မှာ ကုန်ကျစရိတ်မြင့်မားလာလို့ လျာထားချက်ထက်လျှော့ပြီး စိုက်ပျိုးနေကြရတာပါ။ ပေါက်ဒေသခံတစ်ဦးက ကြက်သွန်စျေးကျတာနဲ့ မြေဩဇာစျေးတက်နေတာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ပြောပါတယ်။ “လောင်စာဆီရှားပါးတော့ ထွန်စက်ခတွေစျေးတက်တယ်လေ။နောက်ပြီးဓာတ်မြေဩဇာစျေး တက်တယ်။ကြက်သွန်စျေးကလည်း…