January 2024

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ ပြန်အရွေးခံရ၊ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲမရှိ

ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁၂ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကနေ ထိပ်ပိုင်းခေါင်းဆောင်တွေကို အပြောင်းအလဲမရှိဘဲ အတည်ပြု ‌ရွေးချယ်ပြီးစီးသွားပြီလို့ မွန်ပြည်သစ်သတင်းစဉ်က ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။ ပါတီရဲ့ ဗဟိုဥက္ကဌအဖြစ် နိုင်ဟံသာ၊ ဒုတိယ ဥက္ကဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဇွဲယျ၊ တွဲဘက်အတွင်းရေးမှူး နိုင်ဝင်းလှတို့ ဖြစ်ကြပြီး ကျန်ရှိတဲ့…

စစ်အာဏာသိမ်း (၁၀၇၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၃၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၂ AAPP ရဲ့ ဇန်နဝါရီ (၁၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၇၅) ရက်အတွင်း ပြည်သူ (၄၃၃၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၉၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းတက်ရောက်မှုနှုန်း စံချိန်တင်ကျဆင်းလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၂ မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်မှာ စစ်တပ်အာဏာသိမ်းထားတဲ့ အခုပညာသင်နှစ်အတွင်း ကျောင်းတက်ရောက်မှုနှုန်း စံချိန်တင်ကျဆင်းမှုနဲ့ ကြုံနေရတယ်လို့ Non CDM ဝန်ထမ်း အသိုင်း အဝိုင်းကနေ စုံစမ်းသိရှိရ ပါတယ်။ ပြီးခဲ့တဲ့ ပညာသင်နှစ်က ကျောင်းတက်ရောက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ၄၀,၀၀၀ ကျော်အထိ ရှိခဲ့ပေမယ့် အခုပညာသင်နှစ်မှာတော့ ကျောင်းသူ၊ကျောင်းသား ၇၀၀၀ လောက်သာ ကျောင်းပြန်အပ်နှံလာတယ်လို့…

မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု စစ်ကောင်စီကြောင့် အလုပ်မဖြစ်နိုင်ဘူးလို့ သုံးသပ်သူတွေပြော

နေပြည်တော် ၊ ဇန်နဝါရီ ၁၂ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သစ် အေလွန်ကီရိုကစ်တစ်ဟောင်ရဲ့ ပထမဆုံးအကြိမ် မြန်မာပြည်ခရီးစဉ်မှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ငြိမ်းချမ်း‌ရေးဆိုင်ရာ ကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့မှာ အာဆီယံအထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး…

တနင်္သာရီတိုင်းမှာ တစ်နှစ်အတွင်း အရပ်သား၂၇၀ နီးပါး သတ်ဖြတ်ခံရ

တနင်္သာရီ၊ ဇန်နဝါရီ ၁၂ တနင်္သာရီတိုင်းမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း အရပ်သားပြည်သူ ၂၆၇ ဦးထက်မနည်း သတ်ဖြတ်ခံလိုက်ရတယ်လို့ တနင်္သာရီအခြေစိုက် သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အရပ်သားသေဆုံးမှုအရ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေရဲ့ သတ်ဖြတ်မှု ၃၆ ရာခိုင်နှုန်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF ဘက်က…

၂၀၂၄ မှာ ကမ္ဘာတဝှမ်း အလုပ်လက်မဲ့ဖြစ်မှု ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကုလ ပြော

ဂျီနီဗာ၊ ဇန်နဝါရီ ၁၂ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်း ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီ ၁၀ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ ကုန်ထုတ်လုပ်မှု လျှော့နည်းနေတာ၊ မညီမျှမှုတွေ ပိုမိုဆိုးရွားလာတာနဲ့ ငွေကြေးဖောင်းပွမှုကြောင့် ဝင်ငွေထိခိုက်တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စိုးရိမ်နေတာပါ။ ကိုဗစ်ရောဂါကနေ ကမ္ဘာ့စီးပွားရေး နလံထမှုနှေးကွေးသွားပြီး ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေနဲ့ ဗဟိုဘဏ်တွေရဲ့ ပြင်းထန်တဲ့ လုပ်ရပ်တွေကြောင့်…

ဆေးခြောက်ကို အပန်းဖြေသုံးစွဲခွင့် အဆုံးသတ်ဖို့ ထိုင်းအစိုးရကြိုးပမ်း

ဘန်ကောက်၊ ဇန်နဝါရီ ၁၂ ထိုင်းနိုင်ငံမှာ ဆေးခြောက်ကိုတရားဝင် သုံးစွဲခွင့်ပြုခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာလာချိန်မှာ တော့ဆေးခြောက် အပန်းဖြေသုံးစွဲခွင့် တားမြစ်မယ့် ဥပဒေမူကြမ်းအတွက် ထိုင်းအစိုးရက ပြည်သူတွေရဲ့ သဘောထားကောက်ခံသွားဖို့ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က ဆေးခြောက်သုံးစွဲတာဟာ ရာဇဝတ်မှုမမြောက်ဘူးလို့ ပထမဆုံးသတ် မှတ်တဲ့ အရှေ့တောင်အာရှနိုင်ငံဖြစ်လာတဲ့ ထိုင်းမှာ ဆေးခြောက်ရောင်းချတဲ့ဆိုင်တွေထောင်နဲ့ချီ ရှိလာသလို ဆေးခြောက်လုပ်ငန်းနယ်ပယ်အားကောင်းလာခဲ့ပြီး လာမယ့်နှစ်အနည်းငယ်အတွင်း အမေရိကန်ဒေါ်လာ ၁…

ကရင်နှစ်သစ်ကူးနေ့အတွက် NUG သဝဏ်လွှာပေးပို့ 

မော်လမြိုင် – ဇန်နဝါရီ ၁၁ အမျိုးသားညီညွတ်ရေးအစိုးရက ၈၆ ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ကရင်နှစ်သစ်ကူးနေ့ အခါသမယမှစပြီး တစ်နိုင်ငံလုံးမှ တော်လှန်ရေး အင်အားစုတွေနဲ့အတူ စစ်အုပ်စုပြိုလဲတဲ့အထိ လက်တွဲညီညီတိုက်ထုတ်ကာ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ထူထောင်ပြီး ကရင်တိုင်းရင်းသား တို့ရဲ့ လူမျိုးဂုဏ်၊ဇာတိဂုဏ်ကို မြှင့်တင်နိုင်ကြပါစေလို့ ဆိုထားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ…

ကန့်ဘလူမြို့နယ်က စစ်ကောင်စီနဲ့ ပျူစောထီးစခန်း သိမ်းပိုက်ခံရ

ကန့်ဘလူ၊ ဇန်နဝါရီ ၁၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တင်ငုတ်ကြီးရွာမှာ အ ခြေချတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစ ခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGက ဒီနေ့ နေလည်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ အမှတ် (၁) စစ်ဒေသ၊ ကန့်ဘလူခရိုင် ကွပ်ကဲရေး ဦး ဆောင်မှုဖြင့် တင်ငုတ်ကြီးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို…

ဂန့်ဂေါမှာ ကျဆုံးတော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုတွေကို NUG ထောက်ပံ့ငွေပေးအပ်

ဂန့်ဂေါ – ဇန်နဝါရီ ၁၁ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အတွင်းက စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ငွေချီးမြှင့်တာနဲ့ ဂုဏ်ပြုမှတ်တမ်းပေး တာတွေ ပြုလုပ်ခဲ့တယ်လို့ ဂန့်ဂေါ ပ.အ.ဖ ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ကျဆုံးရဲဘော် ၄ ဦးရဲ့ မိသားစုဝင်တွေကို ရဲဘော်တစ်ဦး အတွက် ၁၀ သိန်းနှုန်းနဲ့…