ကျိုက်ထို၊ ဇန်နဝါရီ ၂၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်အေးဟာ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေ ဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါ တယ်။
အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်အေးဟာ မြေးဖြစ်သူကို ကျောင်းကြိုဖို့ နေအိမ်ကနေ ဆိုင်ကယ်ထွက်လာစဉ် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးတင်အေးဟာ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက် ရရှိပြီးနောက် အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဦးတင်အေးဟာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ လိုက် လံစည်းရုံးမှုတွေ ရှိနေတဲ့အတွက် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကတော့ ဦးတင်အေးဟာ PDF သတင်းတွေကို စုံ စမ်းပြီး စစ်ကောင်စီထံ သတင်းပေးနေတာအပြင် ပြည်သူတွေကို ဒုက္ခပေးနေတဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တာလို့ ထုတ်ပြန်ပါ တယ်။
NUG ရဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲကလည်း စစ်ကောင်စီအလိုကျ ပြည်သူတွေကို ဖိအားပေး ပြည်သူစစ်ဖွဲ့စည်းတဲ့လုပ်ငန်းမှာ ပါဝင်နေသူအားလုံးကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဇန်နဝါရီ ၁၈ ရက် နေ့ ရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့ ကံကော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ အင်းဝဘဏ်စောင့် စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ပြည်သူစစ် ၁ ဦးသေဆုံးကာ ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်