မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

စစ်ကိုင်းတိုင်း၊ကလေးဝလမ်းမကြီးပေါ်မှာ PDF တွေဆက်ကြေးကောက်နေတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒီနေ့အစီအစဉ်အတွက် စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်မီဒီယာတွဖြစ်တဲ့ Snow Queen၊ရဲဘညွှန့်၊ကျော်စွာ၊ဟန်ငြိမ်းဦး စတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကစတင်ဖြန့်ချီခဲ့ကြတာပါ။

ဖြစ်စဉ်မှာ ကလေးဝမြို့အနီး မဟာမြိုင် လမ်းမကြီးပေါ်မှာ PDF တပ်တွေ လုံခြုံရေးစစ်ဆေးနေ တဲ့ မှတ်တမ်းဓာတ်ပုံတွေဖြစ်ပြီး စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေ လိမ်လည်ဖြန့်ချီနေတဲ့ သတင်း အမှားဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်တွေ့ရှိထားပါတယ်။

စစ်ကောင်စီတပ်က အရပ်သားကားတွေအသုံးပြုပြီး လက်နက်ခဲယမ်းနဲ့ ရိက္ခာသယ်ယူတာတွေ ရှိနေတာကြောင့် လမ်းပိုင်းလုံခြုံရေးဆောင်ရွက် စစ်ဆေးမှုတွေ နေ့စဉ်ပြုလုပ်နေတတာဖြစ်တယ် လို့ ကလေးခရိုင်တပ်ရင်း ၉ က ဇန်နဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကလေးခရိုင်တပ်ရင်း-ကလေးခရိုင်တပ်ရင်း ၉ – ကလေးဝ အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် 

https://m.facebook.com/story.php?story_fbid=pfbid0v9xbCQHpVY6rxiRZpR7rZqRnRkWq99evyav5yJVGbvbk7EMDCgd24d5AUAvoEaNcl&id=100076872489976&mibextid=Nif5oz


Mandalay_Free_Pressသတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://m.facebook.com/story.php?story_fbid=pfbid0zM4TtJh3CaJ6Wfw1snYiKTBUHg14znsPzVbFk1uziVe7Cnt9UC7R7XgBXC1U834Zl&id=100070473873342&mibextid=Nif5oz

People springသတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://m.facebook.com/story.php?story_fbid=pfbid0G8F1FtGaNUkqmxz1vztpdzx186DbXApthEdY9vdMaCzN3WqNuDifqPGqYwK95Ydhl&id=100065664033865&mibextid=Nif5oz

ဒီအချက်တွေကြောင့် လူမှုကွန်ရက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ စစ်ကိုင်း ကလေးဝ လမ်းမကြီးပေါ်မှာ PDF တွေဆက်ကြေးကောက်နေတယ်ဆိုတဲ့ ဓာတ်ပုံတွေဟာ သတင်းအမှားတစ်ခုသာဖြစ်တယ်လို့ စိစစ်ပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.