လောက်ကိုင်၊ ဇန်နဝါရီ ၇

သမိုင်းအဆက်ဆက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ဌာနချုပ်တစ်ခုလုံးအထိ ဘယ်တုန်းကမှ လက်နက်ချအညံ့မခံခဲ့ဖူးတဲ့ မြန်မာ့စစ်တပ်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ တော့ လက်နက်ချခဲ့ရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရယူခဲ့ပြီး ၁၃ နှစ်အကြာမှာတော့ မြန်မာ့စစ်တပ်ဟာ ပြိုဆင်းတော့မယ့် အရိပ်အယောင်နဲ့ ဆုတ်ကပ်ဆိုက်လာနေတာပါ။

ဇန်နဝါရီ ၅ ရက်နေ့က ထောင်ချီတဲ့တပ်ဖွဲ့တွေ ပါဝင်တဲ့ ရှမ်းမြောက်ရှိ လောက်ကိုင်မြို့က ဒေသကွပ်ကဲမှုစစ်ဌာ နချုပ် တစ်ခုလုံးအပါအဝင် အနီးပတ်ဝန်းကျင်းရှိ တပ်ရင်းစခန်းအားလုံး “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမ ကျန် လက်နက်ချအညံ့ခံခဲ့ကြတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။

ဒါဟာ “မြန်မာ့တပ်မတော်”လို့ ခေါ်တဲ့ စစ်ကောင်စီတပ်သမိုင်းမှာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်မယ့် အကြိုနေ့ ရက်တွေသာဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၅ ရက်နေ့ ည ၁၁ နာရီကျော်မှာ ထုတ်ပြန်ထား တာပါ။

CDM လေတပ် တပ်ကြပ်ကြီးဇေယျက စစ်တပ်အနေနဲ့ အလျှော့မပေးဘဲ စစ်ရေးနည်းနဲ့ ဒီအတိုင်းဆက်သွားရင် ကြိမ်းသေပြိုလိမ့်မှာဖြစ်ပြီး စစ်ခေါင်းဆောင်နှစ်ဦးနဲ့ အလံတိုင်သာကျန်လိမ့်မယ့် အနေအထားလို့ သုံးသပ်ပါ တယ်။

“စစ်တပ်ကတော့ ဒီအတိုင်းဆက်ပြီး စစ်ရေးအတိုင်းပဲ သူတို့သွားမယ်။ သူတို့ အလျှော့မပေးဘဲနဲ့ ဒီအတိုင်းဆက် သွားနေမယ်ဆိုရင်တော့ ကြိမ်းသေပြိုလိမ့်မယ်။ မင်းအောင်လှိုင်နဲ့ စိုးဝင်းနဲ့ အလံတိုင်နဲ့ ဒါပဲကျန်လိမ့်မယ့်အနေ အထားရှိတယ်။ ဘာလို့ဆိုဒီဘက်မှာ တခြားလက်ရုံးတပ်တွေက တခြားအဖွဲ့တွေကလည်း အကုန်လုံးက စောင့် ကြည့်နေတာ။ သူတို့အခြေအနေ သူတို့ရိပ်စားမိနေပြီ။ အဲဒါကြောင့် နည်းလမ်းပေါင်းစုံနဲ့ထွက်ဖို့ ကြိုးစားနေကြ ပြီ။ ဒီလိုခြေလျင်/မြန် တိုက်ခိုက်ရေးတပ်တွေပဲ စုထားတဲ့ ဒကစ လောက်ကိုင်လိုနေရာမျိုးတောင် လက်နက်တွေ အလွယ်တကူချတယ်ဆိုလို့ရှိရင် ကျန်တဲ့လက်ရုံးတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်တော့မယ်ဆိုရင် လုံးဝမတိုက်ပဲ လက်နက်ချတဲ့ဖြစ်ဉ်မျိုးတွေ အများကြီး ရှိလာနိုင်မှာပါ။ အဲဒီတော့ ဒီအတိုင်းဆက်သွားမယ်ဆိုရင် လုံးဝစစ်တပ်က ပြိုတော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွှဲ ဖြစ်ပါလိမ့်မယ်” လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ထံ လက်နက်ချသူတွေအားလုံးထဲမှာ အရာရှိ ၂၂၈ ဦး ပါဝင်ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ဦး နဲ့ အခြားအဆင့်ရှိသူ ၁၈၉၀ ကျော် ပါဝင်သလို နောက်ဆုံးအသုတ်အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၆ ဦး ပါဝင်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်ပေါင်း ၂၄၀၀ ဝန်းကျင်အထိ လက်နက်ချအညံ့ခံခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နောက်ဆုံးထွက်သက် နေ့ရက်တွေအတွက် နှစ်သစ်အ ကြိုနိဒါန်းဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။

စစ်ရေးသုတေသီတွေကတော့ လောက်ကိုင် (ဒကစ) ဌာနချုပ် လက်နက်ချမှုဟာ ဒကစမှူးရဲ့ ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်နိုင်မှာမဟုတ်ဘဲ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကသာ ဆုံးဖြတ်ချက်ချနိုင်တာဖြစ်ပြီး အခြားဌာနချုပ် တွေလည်း ဒီလိုမျိုးကံကြမ္မာ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

စစ်ရေးအကဲခတ်တစ်ဦးက “ဒကစ (လောက်ကိုင်) ကို လားရှိုးအခြေစိုက် ရမခအောက်ရှိ ကစထမှူး (၂) က တိုက်ရိုက်ကွပ်ကဲရတယ်ဆိုပေမယ့် အမိန့်ပေးစီးဆင်းမှုအရ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်/ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ အမိန့်ကို နာခံရပါတယ်။ ဒါကြောင့် ဒီအညံ့ ခံမှုဟာ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်လို့ ပြောနိုင်ပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မိသားစုဝင်တွေရဲ့ လုံခြုံရေးကို ဦးစားပေး စဉ်းစား ခဲ့သလို နယ်စစ်ဒေသဖြစ်တဲ့အတွက် တရုတ်-မြန်မာ ချစ်ကြည်ရေး မပျက်ပြားအောင် ထည့်သွင်းဆုံးဖြတ်ခဲ့ တာလို့ ပေါ်ပြူလာနယူးစ် သတင်းဌာနကို ဖြေဆိုထားပါတယ်။

တစ်ဖက်မှာတော့ လောက်ကိုင်ဌာနချုပ်က တပ်ဖွဲ့ဝင်ထောင်ချီ လက်နက်ချတဲ့နေ့မှာတင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး စွန်းဝေတုန်က မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

အဲဒီတွေ့ဆုံမှုမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပြီး အသေးစိတ် မဖော်ပြထားပါဘူး။

နိုင်ငံရေး၊စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တရုတ်အနေနဲ့ စစ်ရှုံးတော့မယ်လို့ သဘောပေါက်လာတဲ့ စစ်ကောင်စီကို ဂုဏ်သိက္ခာမပျက်ဘဲ တတ်နိုင်သလောက် ဆင်းသွားဖို့ ဖြောင်းဖြနားချလိမ့်မယ်လို့ သုံးသပ်ပါ တယ်။

“စစ်ကောင်စီအနေနဲ့ စစ်ရှုံးတော့မယ်ဆိုတာ သဘောပေါက်တဲ့အခါ ဂုဏ်သိက္ခာမပျက်ဘဲ တတ်နိုင်သလောက် ဆင်းသွားဖို့အတွက် (တရုတ်က) ဖြောင်းဖြနားချပါလိမ့်မယ်။ အဲဒါကြောင့်မို့ ဒီလှုပ်ရှားမှုရဲ့ အဆက်အဖြစ် စစ်ကောင်စီဘက်ကလည်း အပြောင်းအလဲတွေ လုပ်လာပါလိမ့်မယ်။ စစ်တပ်နိုင်ငံရေးက ဆုတ်ခွာဖို့၊ နောက် တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ လွှတ်ပေးဖို့ဆိုတဲ့ စဉ်းစားချက်တွေ ဖြစ်ပေါ် လာနိုင်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့် လောက်ကိုင်စစ်ပွဲဟာ ကိုးကန့်ဒေသတစ်ခုရဲ့ ကံကြမ္မာကို ရည်ညွန်းတာမဟုတ်ဘဲ ဗမာပြည်တစ်ပြည်လုံးရဲ့ အနာဂတ်ကံကြမ္မာကို ရည်ညွန်းတာ ဖြစ်တယ်”လို့ ဆိုပါတယ်။

လတ်တလောအတွင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ကြားနေရေး ငြိမ်းချမ်းရေးနဲ့ စေ့စပ်ညှိ နှိုင်းရေးလမ်းကြောင်းကိုပဲ ဆက်လက်အကောင်အထည်ဖော်သွားမယ့် အခြေအနေလို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်လကျော်အတွင်း စစ်ကောင်စီအနေနဲ့ ရှမ်းမြောက်ရှိ တပ်စ ခန်းပေါင်း ရာချီဆုံးရှုံးထားရသလို မြို့ ၁၃ မြို့ ထက်မနည်း သိမ်းပိုက်ခံထားရတဲ့အပြင် စစ်ကိုင်း၊ ချင်းနဲ့ ကရင်နီ ဒေသတို့မှာလည်း ၇ မြို့ ထက်မနည်း လက်လွှတ်ထားရတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံအနှံ့ တော်လှန် ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မြို့ပေါင်း ၂၈ မြို့ထက်မနည်း သိမ်းပိုက်ထားတယ်လို့ သိ ရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.