January 7, 2024

လောက်ကိုင် (ဒကစ) ဌာနချုပ်အညံ့ခံမှု စစ်တပ်ပြိုမယ့် ကနဦးလမ်းစလား

လောက်ကိုင်၊ ဇန်နဝါရီ ၇ သမိုင်းအဆက်ဆက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ဌာနချုပ်တစ်ခုလုံးအထိ ဘယ်တုန်းကမှ လက်နက်ချအညံ့မခံခဲ့ဖူးတဲ့ မြန်မာ့စစ်တပ်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ တော့ လက်နက်ချခဲ့ရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရယူခဲ့ပြီး ၁၃ နှစ်အကြာမှာတော့ မြန်မာ့စစ်တပ်ဟာ ပြိုဆင်းတော့မယ့် အရိပ်အယောင်နဲ့ ဆုတ်ကပ်ဆိုက်လာနေတာပါ။ ဇန်နဝါရီ…

နိုင်ငံရေးပုဒ်မတွေအစား နှစ်ရှည်ထောင်ချလို့ရတဲ့ အကြမ်းဖက်ပုဒ်မတွေကိုသာ စစ်ကောင်စီပိုမိုအသုံးပြုလာ

မော်လမြိုင်၊ ဇန်နဝါရီ ၇ အာဏာသိမ်းစစ်ကောင်စီဟာ ဖမ်းဆီးခံရတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေကို အခုနောက်ပိုင်း နိုင်ငံရေးပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူတာထက် နှစ်ရှည်ထောင်ကျခံရနိုင်တဲ့ အကြမ်းဖက်ပုဒ်မ တွေကိုသာ အသုံးပြုလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါ တယ်။ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တင်အင်အားပြုန်းတီးမှုအပြင် အဖက်ဖက်က ယိုယွင်းပျက်စီးလာမှုနဲ့အတူ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အခုနောက်ပိုင်းကာလ အတွင်း နိုင်ငံရေးပုဒ်မလို့ လူသိများတဲ့…

ရွှေကျင်မှာ စစ်တပ်လက်နက်ကြီးကျလို့ အရပ်သား ၄ ဦးသေဆုံး ၁၆ ဦးဒဏ်ရာရ

ရွှေကျင်၊ ဇန်နဝါရီ ၇ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) အုပ်ချုပ်နယ်မြေ ရွှေကျင်မြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၄ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ညောင်လေးပင်အခြေစိုက်တပ်…

ဘီးလင်းမှာ တိုက်ပွဲဖြစ်၊ အရပ်သား ၂ ဦး ဒဏ်ရာရ

ဘီးလင်း၊ ဇန်နဝါရီ ၇ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာထဲမှာ ဒီနေ့ ဇန်နဝါရီ ၆ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်သတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။ စစ်ကောင်စီယာဉ်တန်းအတွက် ကင်းပုန်းဝပ်ဖို့လာတဲ့ တပ်အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက…