FILE - Palestinians flee to the southern Gaza Strip on Salah al-Din Street in Bureij, Gaza Strip on Nov. 10, 2023. As the military sets its sights on southern Gaza in its campaign to stamp out Hamas, key challenges loom. International patience for a protracted invasion has begun to wear thin. And with some 2 million displaced Gaza residents staying in crowded shelters in the south in dire conditions, a broad military offensive there could unleash a new humanitarian disaster during the cold, wet winter. (AP Photo/Fatima Shbair, File)

ဝါရှင်တန်၊ ဇန်နဝါရီ ၇

ဟားမတ်စ်အဖွဲ့ရဲ့ ဘဏ္ဍာရေးကွန်ရက်ကို အနှောင့်အယှက်ပေးနိုင်လောက်တဲ့ သတင်းအချက် အလက်ပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ဆုငွေချီးမြှင့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ကြေညာလိုက်ပါတယ်။

သူတို့အဖွဲ့အတွက် ဘဏ္ဍာရေးလွယ်ကူအောင်လုပ်ပေးနေသူ ငါးဦးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရရှိရေး ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားမျှတမှုအတွက် ဆုတော်ငွေ စီမံကိန်းအရ အခုလိုဆုကြေးထုတ်လိုက်တာပါ။

တူရကီအခြေစိုက် ဟားမတ်စအဖွဲ့ရဲ့ကွန်ရက်မှာပါဝင်လှုပ်ရှားနေသူတွေဖြစ်တဲ့ အမာခါမဲလ်ရှာ ရစ်ဖ် အယ်လ်ရှာဝါ၊အာမက် ဆာဒူ ဂျလက်ဘ်၊ဝါလစ် မိုဟာမက် မူစတာဖာ ဂျာဒါလာတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရရှိရေး အမေရိကန်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဆူဒန်နိုင်ငံရှိ အဗဒဲလ်ဘာဆစ် ဟမ်ဇာအယ်လ်ဟာဆန် မိုဟာမက် ခါအာ၊မိုဟာမက် အာမက် အဗဒဲလ် ဒါရင်နာဆရယ်လာတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိရေးအတွက်လည်း ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုးပမ်းနေပါတယ်။

အယ်လ်ရှာဝါဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း Trend GYO ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်ပြီး ဟားမတ်စ်အဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီတချို့မှာ ဘုတ်အဖွဲ့ဝင်အဖြစ်ပါဝင် လုပ်ကိုင် နေသူဖြစ်တယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂျာလက်ဘ်ကတော့ ဟားမတ်စ်အဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းစု အတွင်းရေးမှူးဖြစ်ပြီး ဟားမတ်စ်ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေ၊ ရုံးတွေအတွက် လှုပ်ရှားရလွယ်ကူအောင် ကူညီပေးနေသူဖြစ်တယ်လို့ သိရပါတယ်။

ဂျာဒ်လာဟာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ အများကြီးရဲ့ ဘုတ်အဖွဲ့ဝင်ဖြစ်သလို ဟမ်ဇာကတော့ ဆူဒန်နိုင်ငံမှာ အခြေစိုက်နေထိုင်ပြီး ဟားမတ်စ်အဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းစု ကုမ္ပဏီတွေကို စီမံခန့်ခွဲနေတဲ့ ဘဏ္ဍာရေး ထောက်ပံ့သူဖြစ်ပါတယ်။

ဟားမတ်စ်အရာရှိတွေဆီကို ဒေါ်လာ သန်း ၂၀ နီးပါး လွှဲပို့ပေးမှုမှာ ဟမ်ဇာပါဝင်ခဲ့ပြီး အဲဒီငွေတွေ ထဲက အများအပြားကို ကမ္ဘာတဝန်းမှာရှိတဲ့ အကြမ်းဖက်အဖွဲ့တွေအတွက် သုံးစွဲခဲ့တယ်လို့ ကန်နိုငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် သူဟာ အယ်ကိုင်ဒါအဖွဲ့နဲ့ အဆက်အသွယ်ရှိနေသူဖြစ်သလို အိုစမာဘင်လာဒင်နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေနဲ့လည်း ဆက်နွယ်နေသူဖြစ်တယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဟားမတ်စ်အဖွဲ့ကို နိုင်ငံခြား အကြမ်းဖက်အဖွဲ့အဖြစ် ၁၉၉၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့အဖြစ် ၂၀၀၁ က အထူးသတ်မှတ်ချက်နဲ့ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

သတင်းအချက်အလက်ပေးပို့လိုသူတွေအနေနဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို Telegram ဒါမှမဟုတ်  WhatsApp က ဆက်သွယ်နိုင်ပြီး ပေးပို့သူကို လျှို့ဝှက်ထားပေးမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

 Ref:Yahoo news

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.