ဟိုပန် – ဇန်နဝါရီ ၅

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့က စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော် BPLA က ထုတ်ပြန်ထားပါတယ်။ 

ဒီနေ့ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းမှာ စခန်းသိမ်းထားတဲ့ ပုံတွေနဲ့အတူ ဓာတ်ပုံမှတ်တမ်းတွေ ထုတ်ပြန်ခဲ့တာပါ။

ဟိုပန်မြို့က စစ်ကောင်စီ ခလရ ၁၄၅ တပ်ရင်း၊ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ဆေးရုံ အပါအဝင် ဌာနဆိုင်ရာ ရုံးတွေကို ဒီနေ့မနက်အစောပိုင်းမှာ မဟာမိတ်တပ်တွေနဲ့အတူ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ စခန်းသိမ်းတိုက်ခိုက်မှုတွေပြီးနောက် ဝ တပ်ဖွဲ့ထံ လွှဲအပ်လိုက်ပြီး လက်ရှိမှာ တော့ ဟိုပန်မြို့ကို ဝ တပ်မတော် တပ်မဟာ ၃၁၈ က ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – BPLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.