မိုးမိတ်၊ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီရဲ့ ကျန်ကန်တပ်စခန်းကို ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

တပ်မဟာ (၃)စစ်ဒေသ စစ်ကောင်စီရဲ့ စစ်ဒေသကွပ်ကဲရေးဌာနချုပ်(စကခ) ၂၁နဲ့ အမှတ်-၂၂၃ ခြေ မြန်တပ်ရင်းတွေ ပူးပေါင်းတပ်စွဲထားတဲ့ ဆင်ကင်(ကျန်ကန်) တပ်စခန်းကို ဇန်နဝါရီ ၃ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့ မနက်အစောပိုင်းမှာ TNLAက အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဆင်ကင်(ကျန်ကန်)တပ်စခန်းမှ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်း‌ တွေ ရှင်းလင်းသိမ်းဆည်း ရမိခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မိုးမိတ်စခန်းမှ လက်နက်ကြီး ၁၇ ကြိမ်ခန့်နဲ့ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” ကိုစတင် ဖော်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တအာင်းတပ်မတော် TNLA ဟာ ရှမ်းမြောက်မှာ မြို့ ၆ မြို့ထက်မနည်း သိမ်းယူထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PSLF/TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.