ကျိုက်ထို၊ ဇန်နဝါရီ ၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာဈေးအနီး ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူ အမျိုးသမီးတစ်ဦးနဲ့ စစ်ကောင်စီသတင်းပေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က မုပ္ပလင်ဈေးအနီးမှာ ကွမ်းယာလာဝယ်နေတဲ့ စစ်ကောင်စီသတင်းပေး ဦးညီညီလွင်ကို အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။

အဲဒီပစ်ခတ်မှုအတွင်း ဦးညီညီလွင်ဟာ သေနတ်ဒဏ်ရာ ၃ ချက်ရရှိပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ပြီး အခင်းဖြစ်ရာ ဈေးအနီးရှိတဲ့ ဒေါ်နှင်းရည်ထွေးကတော့ ဝဲဘက်နားထင်ကျည်ဖောက်ဝင် ဒဏ်ရာရရှိကာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဒေသခံတွေကတော့ ဦးညီညီလွင် ပစ်ခတ်မှုအတွင်း ဘာမှမဆိုင်တဲ့ အမျိုးသမီးသေဆုံးသွားတဲ့အ တွက် စိတ်မကောင်းဖြစ်နေကြသလို အခုဖြစ်စဉ်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ လိုတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

စစ်ကောင်စီ သတင်းပေး ဦးညီညီလွင်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကျိုက်ထိုအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တွေ က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကတော့ ဒီပစ်ခတ်မှုကို သူတို့အဖွဲ့က လုပ်ဆောင်တာ မ ဟုတ်ကြောင်းနဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွက် စုံစမ်းနေဆဲဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာနေ အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းဖြစ်သူ ဦးသန်းလွင်နဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်တို့နှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ သ တင်းပေးတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ မကြာခဏ ပစ်ခတ်သတ်ဖြတ်ခံရတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.