January 5, 2024

စစ်အာဏာသိမ်း (၁၀၆၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၆ AAPP ရဲ့ ဇန်နဝါရီ (၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၆၉) ရက်အတွင်း ပြည်သူ (၄၂၈၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၆၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၃၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြို့ပြတွေအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတယ်လို့ စစ်ခေါင်းဆောင်ဝန်ခံ

မော်လမြိုင်၊ ဇန်နဝါရီ ၅ နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဟာ တောတောင်တွေအတွင်းသာ တိုက်ခိုက်နေတာမဟုတ်တော့ဘဲ မြို့ပြတွေအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတယ်လို့ စစ်ခေါင်းဆောင်က ဝန်ခံပြောဆိုခဲ့ပါတယ်။ ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီတပ်ရဲ့ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ပေးအပ်တဲ့ အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့တပ်ဖွဲ့ ဝင်တွေကို သတိပေးခဲ့တာပါ။ စစ်ခေါင်းဆောင်က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ…

မွန်ပြည်နယ် ချောင်းနှစ်ခွတိုက်ပွဲအတွင်း နေအိမ် ၁၀၀၀ ထက်မနည်း ဖောက်ထွင်းခံရ

မွန်ပြည်နယ် ချောင်းနှစ်ခွတိုက်ပွဲအတွင်း နေအိမ် ၁၀၀၀ ထက်မနည်း ဖောက်ထွင်းခံရ ကျိုက်မရော၊ ဇန်နဝါရီ ၅ ရက်ပေါင်း ၅၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲ ကာ လအတွင်း စစ်ရှောင်ဒေသခံတွေရဲ့ နေအိမ် ၁၀၀၀ ထက်မနည်း ဖောက်ထွင်းခိုးယူခံခဲ့ရတယ် လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀…

ကျိုက်ထိုပစ်ခတ်မှုအတွင်း အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦး သေဆုံး

ကျိုက်ထို၊ ဇန်နဝါရီ ၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာဈေးအနီး ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူ အမျိုးသမီးတစ်ဦးနဲ့ စစ်ကောင်စီသတင်းပေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က မုပ္ပလင်ဈေးအနီးမှာ ကွမ်းယာလာဝယ်နေတဲ့ စစ်ကောင်စီသတင်းပေး ဦးညီညီလွင်ကို အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။ အဲဒီပစ်ခတ်မှုအတွင်း ဦးညီညီလွင်ဟာ…

KNU ဖာပွန်ခရိုင် တစ်နှစ်အတွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀၀ ကျော်သေဆုံး

ဖာပွန်၊ ဇန်နဝါရီ ၆ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်ထဲမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တစ်နှစ်တာအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ ဒုခွဲမှူးတွေအပါအဝင် ၈၀၀ ကျော် သေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU ဖာပွန်ခရိုင်မှာ ၂၀၂၃ ခုနှစ်…

ရုရှားစစ်တပ်ထဲဝင်မယ့် နိုင်ငံခြားသားတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ ပူတင် မက်လုံးပေး

မော်စကို၊ ဇန်နဝါရီ ၆ ရုရှားစစ်တပ်ထဲ ဝင်ရောက်အမှုထမ်းတဲ့ နိုင်ငံခြားသားတွေအနေနဲ့ နိုင်ငံသားဖြစ်ခွင့်လျှောက်ထား နိုင်တယ်လို့ ဇန်နဝါရီ ၄ ရက်နေ့မှာ သမ္မတ ပူတင်က လက်မှတ်ရေးထိုးပြီး အမိန့်ထုတ်ပြန်လိုက်ပါ တယ်။ ရုရှားအာဏာပိုင်တွေဟာ ပြည်တွင်းမှာ တပ်သားသစ်စုဆောင်းမှု ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်ပတိုက်ခိုက်ရေးသမားတွေကို နိုင်ငံသားဖြစ်ခွင့်နဲ့ မက်လုံးပေးခဲ့ တာပါ။ သမ္မတ ပူတင်လက်မှတ်ရေးထိုးလိုက်တဲ့ အမိန့်အသစ်အရ ရုရှားစစ်တပ်ထဲ…

မြန်မာနယ်စပ်တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တရုတ် သတိပေး

ဘေဂျင်း၊ဇန်နဝါရီ ၆ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲ လက်နက်ကြီးကျည် တွေ ကျရောက်ပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီးနောက် တရုတ်အစိုးရက တိုက်ပွဲတွေရပ်တန့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ဆိုထားသလို မိမိတို့နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ လိုအပ်တာတွေအားလုံးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝမ်ဘင်က ပြောခဲ့ပါတယ်။ တရုတ်အစိုးရအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို…

ဟိုပန်မြို့တိုက်ပွဲမှာ ညီနောင်မဟာမိတ်တွေနဲ့အတူ BPLA ပါဝင်တိုက်ခိုက်ခဲ့

ဟိုပန် – ဇန်နဝါရီ ၅ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့က စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော် BPLA က ထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းမှာ စခန်းသိမ်းထားတဲ့ ပုံတွေနဲ့အတူ ဓာတ်ပုံမှတ်တမ်းတွေ ထုတ်ပြန်ခဲ့တာပါ။ ဟိုပန်မြို့က စစ်ကောင်စီ ခလရ ၁၄၅…

မိုးမိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဆင်ကင်(ကျန်ကန်)တပ်စခန်းကို TNLA က သိမ်းပိုက်

မိုးမိတ်၊ ဇန်နဝါရီ ၅ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီရဲ့ ကျန်ကန်တပ်စခန်းကို ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ တပ်မဟာ (၃)စစ်ဒေသ စစ်ကောင်စီရဲ့ စစ်ဒေသကွပ်ကဲရေးဌာနချုပ်(စကခ) ၂၁နဲ့ အမှတ်-၂၂၃ ခြေ မြန်တပ်ရင်းတွေ ပူးပေါင်းတပ်စွဲထားတဲ့ ဆင်ကင်(ကျန်ကန်) တပ်စခန်းကို ဇန်နဝါရီ ၃ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့…

လောက်ကိုင် (ဒကစ) ဌာနချုပ် MNDAA ထံ လက်နက်ချပြီး လားရှိုး ပြန်ဆုတ်

လောက်ကိုင် ၊ ဇန်နဝါရီ ၅ ရှမ်းပြည်နယ် လောက်ကိုင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အကြီးဆုံးဌာနချုပ်ဖြစ်တဲ့ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် – လောက်ကိုင် (ဒကစ) ဟာ ဇန်နဝါရီ ၄ ရက်နေ့မှာ MNDAA ထံ လက်နက်ချပြီး လားရှိုးကို ပြန်ဆုတ်ခဲ့ကြတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်အရ လောက်ကိုင် (ဒကစ) ဌာနချုပ်ရှိ…