မင်္ဂလာပါရှင်
သံလွင်တိုင်းမ်ရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေးနဲ့ ပတ်သက်တဲ့ လူမှုကွန်ရက် ပေါ်က သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီနေ့အစီအစဉ်မှာတော့ “ပဲခူးတိုင်း၊ရေတာရှည် သကြားစက်က ဝန်ထမ်းတွေကို KNUနဲ့ PDF တွေက ဖမ်းဆီးထားတယ်” လို့ စစ်တပ်လော်ဘီတွေကြားဖြန့်ဝေနေတဲ့ ဓာတ်ပုံကို စိစစ်ပေးသွား မှာဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်နေရာတွေဖြစ်တဲ့ ဟန်ငြိမ်းဦး၊MWD၊ Ye Yint Htet စတဲ့ နေရာတွေ ကနေ ဒီဇင်ဘာလ ၂၇ ရက်နေ့က စတင်ဖြန့်ဝေခဲ့ကြတာပါ။
ဓာတ်ပုံပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ချိန်မှာတော့ စစ်ကောင်စီဘက်က လိမ်လည်ဖြန့်ချီနေတဲ့ သတင်းအမှားဖြစ်တယ်လို့ စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း/တပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပုဝါနီစစ်ကြောင်းက အမှတ် ၆ သကြားဝန်ထမ်းတချို့ကို ခေါ်ယူတွေ့ဆုံကာ တော်လှန်ရေးရဲ့ အနှစ်သာရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လုပ်ငန်းစဉ်တချို့ကို အကျဉ်းချုပ်ပြောပြ ဆွေးနွေးနေတဲ့ ဓာတ်ပုံတွေဖြစ်တယ်လို့ သက်ဆိုင်ရာ စစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ချက်နဲ့ လွတ်လပ်သော သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေကို စိစစ်တွေ့ရှိထားရပါတယ်။
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင် ရေတာရှည်မြို့နယ်ကို PDF တပ်တွေ စစ်ကြောင်းဖြန့်ပြီး ကွင်းဆင်းစဉ်က စက်ရုံဝန်ထမ်းတွေကို အသိပညာပေးဆွေးနွေးနေတဲ့ ဓာတ်ပုံတွေဖြစ်ပြီး လက်ရှိ တော်လှန်ရေးမှာ မိမိသဘောဆန္ဒအလျောက် ကိုယ်ကြိုက်နှစ်သက်ရာ ဘက်ခြမ်းမှာ ရပ်တည်နိုင်ကြောင်းနဲ့ မိမိကြောင့် တပါးသူထိခိုက်နစ်နာစေမယ့် အလုပ်မျိုးမပြုလုပ်ဖို့ အသိ ပေးဆွေးနွေးခဲ့တာဖြစ်တယ်လို့ ပုဝါနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာကို တွေ့ရပါ တယ်။
အဆိုပါဖြစ်စဉ်နဲ့ပက်သက်ပြီး ပုဝါနီစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ချက်
Myanmar now သတင်းဌာနက ဖော်ပြထားတဲ့ သတင်း
People springsသတင်းဌာနက ဖော်ပြထားတဲ့ သတင်း
လူမှုကွန်ရက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ရေတာရှည် သကြားစက်က ဝန်ထမ်း တွေကို KNU နဲ့ PDF တွေဖမ်းဆီးထားတယ် ဆိုတဲ့ ဓာတ်ပုံတွေဟာ သတင်းအမှားတစ်ခုသာ ဖြစ် တယ်လို့ သံလွင်တိုင်းမ် ပရိသတ်တွေကို တင်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်
ရေတာရှည် သကြားစက်ဝန်ထမ်းတွေကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထားတယ်လို့ စစ်တပ် သတင်းအမှားဖြန့်နေ
++++++++++++++