2023

နိုင်ငံခြားငွေအမြန်ရဖို့ စစ်ကောင်စီကြိုးပမ်း

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ နိုင်ငံအနှံ့စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်ဟာ နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလာတဲ့ ပြဿနာဖြေ ရှင်းဖို့အတွက် ပို့ကုန်ရငွေတွေကို အရင်သတ်မှတ်ကာလထက် ဘဏ်ငွေစာရင်းတွေထဲ စောစောထည့်သွင်းကြဖို့ ညွှန်ကြားလာတာ ဖြစ်ပါတယ်။ စစ်ကောင်ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့နှစ် မေလကစပြီး အာရှနိုင်ငံတွေထံတင်ပို့မှုမှ ရရှိလာတဲ ပို့ကုန်ရငွေတွေကို ၄၅ ရက်အတွင်း ဘဏ်ငွေစာရင်းထဲ ထည့်သွင်းကြဖို့နဲ့ အာရှနိုင်ငံမှအပ ကျန်နိုင်ငံတွေကနေ ရရှိလာတဲ့ ပို့ကုန်ရ ငွေတွေကို…

ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ စစ်ရှောင်နေရ

ဘီးလင်း၊ ဒီဇင်ဘာ ၂၇ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးရှိ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီ ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံ ၁၅၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ စစ်ကောင်စီရဲ့ အမှတ်(၄၁၀) ခြေမြန်တပ်ရင်း ရှေ့တန်းစခန်းဖြစ်တဲ့ ဝင်းတာပန်စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO…

ရေးကြိုးတံတားဂိတ် တိုက်ခိုက်ခံရပြီး BGF တစ်ဦး သေဆုံး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ရေး၊ ဒီဇင်ဘာ ၂၇ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်းကျေးရွာနဲ့စံပြကျေးရွာကြားရှိ စစ်ကောင်စီရဲ့ ကြိုးတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်နေတဲ့ ကြိုးတံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၅ ရက်နေ့…

ယူကရိန်းမှာ စစ်မှုထမ်းရမယ့်အရွယ်ကို အသက် ၂၅ နှစ် ပြောင်းလဲသတ်မှတ်ဖို့ အဆိုတင်သွင်း

ကိဗ်၊ ဒီဇင်ဘာ ၂၇ ယူကရိန်းပါလီမန်ရဲ့ ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ ဥပဒေမူကြမ်းတစ်ခုအရ တိုက်ပွဲဝင်ဖို့ စည်းရုံးနိုင်တဲ့ အသက်အရွယ် ကန့်သတ်ချက်ကို ၂၇ နှစ်မှ ၂၅ နှစ်သို့ လျှော့ချဖို့ အဆိုပြုထားတာကို တွေ့ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ယူကရိန်းရဲ့ ၂၂ လကြာ ရုရှားနဲ့ တိုက်ပွဲတွေ အရှိန်ပြင်းလာချိန်မှာပဲ ဒီလိုအဆိုပြုပြောင်းလဲ သတ်မှတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့…

ဂျပန်ကားထုတ်လုပ်ရေးသမားတွေက ထိုင်းမှာ ဒေါ်လာလေးသန်းကျော်ရင်းနှီးမြှုပ်နှံမယ်

ဘန်ကောက်၊ဒီဇင်ဘာ ၂၇ ဂျပန်နိုင်ငံရဲ့ ကားထုတ်လုပ်ရေးအဖွဲ့တွေဟာ လာမယ့် ၅ နှစ်အတွင်း ထိုင်းနိုင်ငံမှာ ဒေါ်လာ ၄ သန်းကျော်လာရောက်ရင်းနှီးမြှုပ်နှံသွားဖို့ရှိတယ်လို့ ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တိုယိုတာနဲ့ဟွန်ဒါတို့က ဘတ်ငွေသန်း ၅၀ စီရင်းနှီးမြှုပ်နှံသွားမှာဖြစ်သလို Isuzu က ဘတ်ငွေ သန်း ၃၀နဲ့ Mitsubishi က ဘတ်ငွေသန်း ၂၀ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရပြော ရေးဆိုခွင့်ရှိသူ ချိုင်ဝါချာရိုကီက…

တောင်တရုတ်ပင်လယ်ထဲမှာ ဒုံးကျည်အန္တရာယ်ရှိတယ်လို့ တရုတ်အစိုးရ သတိပေး

ဘေဂျင်း၊ ဒီဇင်ဘာ ၂၇ လွန်ခဲ့တဲ့ ၁၁ ရက်က ပစ်လွှတ်ခဲ့တဲ့ ဖျက်အားပြင်းဒုံးကျည်ရဲ့ အကြွင်းအကျန်တွေ တောင်တရုတ်ပင်လယ်အတွင်းက ဧရိယာတစ်ခုကို ကျရောက်နိုင်တယ်လို့ တရုတ်အစိုးရက သတိပေးထားပါတယ်။ ပြန်လည်ဆင်းသက်လာချိန်မှာ လေထုအတွင်း လောင်ကျွမ်းလေ့ရှိတဲ့ ဒုံးပျံအပျက်အစီးတွေကို ဒေသစံတော်ချိန် မနက် ၁၁ နာရီနဲ့ မွန်းတည့်ချိန်အတွင်း တရုတ်နိုင်ငံ ဟိုင်းနန်ကျွန်းကမ်းရိုးတန်းကို ကျလာနိုင်တယ်လို့ တရုတ်ရေကြောင်းလုံခြုံရေး စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးထားတာပါ။ ပြီးခဲ့တဲ့…

လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

လောင်းလုံး၊ ဒီဇင်ဘာ ၂၆ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စပ်ပြဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အင်အား ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက် လာတဲ့ စစ်ကောင်စီတပ်နဲ့…

ဘီးလင်း နှစ်ဖက်တိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

ဘီးလင်း၊ ဒီဇင်ဘာ ၂၆ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာနဲ့ဒေါက်ရပ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ကလေးငယ် ၂ ဦး သေ ဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ…