Radio Than Lwin Times(21/11)
Youtube Link
Youtube Link
https://youtu.be/JXO-_uZNWco
မတူပီ – နိုဝင်ဘာ ၂၄ ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ လိုင်လင်းပီစခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာပါ။လက်ရှိမှာတော့ CNF…
“၁၀၂၇ စစ်ဆင်ရေးအနေနဲ့ အောက်တိုဘာ၂၆ရက်နေ့က စလိုက်တဲ့တိုက်ပွဲဝင်အစဟာ ဒီနေ့အထိ တစ်ရက်မှ မနားရသေးပါဘူး” နိုင်ငံတဝန်းရှိ တိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေကြောင့် တပ်စခန်းတွေ လက်လွှတ်နေရပြီး အင်အားပေါင်းစည်းရတဲ့အထိ အထိနာနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ဝန်ခံလာပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေကို ပြောင်းလဲလာတဲ့ စစ်နည်း ဗျူဟာအရ မဟာဗျူကျကျ အမြန်ဆုံးထိရောက်စွာ ကာကွယ်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဘက်က ကြွေးကြွော်ထားတာ…
လွိုင်ကော်၊ နို၀င်ဘာ ၂၄ ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်က Non-CDM ၀န်ထမ်းနဲ့ မိသားစု၀င် ၁၀၇ ဦးကို ခံ၀န်ကတိ လက်မှတ်ရေးထိုးစေပြီး နေရပ်ပြန်ပို့ပေးခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က နို၀င်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ၁၁.၁၁ စစ်ဆင်ရေးစတင်ချိန် လွိုင်ကော်တက္ကသိုလ်နဲ့ စက်မှုလက်မှုသိပ္ပံကျောင်းမှာ ပိတ်မိနေတဲ့ ၀န်ထမ်းနဲ့ မိသားစု ၂၀၄ ဦးကို ကရင်နီ…
ပုဏ္ဏားကျွန်း – နိုဝင်ဘာ ၂၄ နှစ်ဖက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့ရှိ မြို့မဈေးထဲပေါ်ကို စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ဈေးကိုမီးလောင်ပြီး အနီးဝန်းကျင်မှာရှိတဲ့ လူနေအိမ်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မီးလောင်မှုက ကြီးကြီးမားမားဖြစ်ပွားနေပြီး မီးငြှိမ်းသတ်နိုင်ဖို့ကို ဒေသခံတွေ အပြင်းအထန်ကြိုးစား ငြှိမ်းသတ်နေကြရတယ်လို့လည်း သူတို့ကပြောပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်က…
ပခုက္ကူ – နိုဝင်ဘာ ၂၄ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ ရေစကြိုကို ဆက်သွယ်ထားတဲ့ ပန်းတိုင်ခြုံကျေးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများခဲ့ တယ်လို့ Southern YSO PDF တာဝန်ခံက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၁ ရက်နေ့ညနေပိုင်းက Southern YSO PDF၊ BNRA (ဗမာအမျိုးသား တော်လှန်ရေးတပ်တော်)နဲ့ Yesagyo Revolution…
တနင်္သာရီ၊နိုဝင်ဘာ ၂၃ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ NUG ထံ အလင်းဝင်ကြဖို့ တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ )က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ Non CDM ဝန်ထမ်းတွေအနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ ရုံးလုပ်ငန်းတွေကို ရပ်နားပြီး စာရွက်စာတမ်းတွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ လာမယ့် ဒီဇင်ဘာလ…
မော်လမြိုင်၊ နိုဝင်ဘာ(၂၄) AAPP ရဲ့ နိုဝင်ဘာ(၂၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၂၆) ရက်အတွင်း ပြည်သူ (၄၁၉၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၄၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…
နေပြည်တော်၊ နိုဝင်ဘာ ၂၄ စစ်ကောင်စီတပ်ရဲ့ ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ဗိုလ်မှူးတွေနဲ့ စစ်တပ်အရာရှိ ၂၄ ဦးကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လစ်လပ်ရာထူးတွေမှာ ဝာာဝန် ထမ်းဆောင်ဖို့ ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းပါ ဖော်ပြချက်အရ ဒုတိယဗိုလ်မှူးကြီး ထူးအောင်ဝင်းကို နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှာ ညွှန်ကြားရေးမှူး ရာထူး၊ ကျန်ဗိုလ်မှူးတွေနဲ့ ဗိုလ်ကြီးတွေကို…