2023

စစ်အာဏာသိမ်း (၁၀၆၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၇၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၉) AAPP ရဲ့ ဒီဇင်ဘာ(၂၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၆၁) ရက်အတွင်း ပြည်သူ (၄၂၇၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၆၄၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၉၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

မွန်လူငယ်တွေ တော်လှန်ရေးထဲ ပါဝင်လာကြဖို့ မွန်တော်လှန်ရေးအဖွဲ့တွေတိုက်တွန်း

ထန်းပင်ချောင်ကြီး၊ ဒီဇင်ဘာ ၂၉ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်လာကြမယ့် မွန်လူငယ်တွေကို အမျိုးသားရေးတာဝန်ထမ်းဆောင်ဖို့ မွန်လူငယ်ဆုံရပ်အပါအဝင် မွန်တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၂ ကြိမ်မြောက် မွန်လူငယ်နေ့မှာ ကြေညာချက်တွေထုတ်ပြန်ပြီး တိုက်တွန်းခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ၂၈ ရက်နေ့မှာ ခေတ်ပညာတတ် မွန်လူငယ်တွေစုဖွဲ့ပြီး မွန်လူငယ်ညီလာခံကျင်းပခဲ့တာကိုအစွဲပြုပြီး ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တဲ့ မွန်လူငယ်တွေ့ဆုံပွဲကနေ မွန်လူငယ်နေ့ကို…

တန်ပြန်ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ဖို့ စစ်ကောင်စီကြိုးပမ်းလာ

နေပြည်တော်၊ ဒီဇင်ဘာ ၂၉ နိုင်ငံအနှံ့တိုက်ပွဲတွေမှာ အရေးမလှရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အဆင့်မြင့်ဒရုန်းတွေကို အသုံးပြုပြီး တန်ပြန်ဒရုန်းစစ်ဆင်ရေးတွေ ဖော်ဆောင်တော့မယ်လို့ ဝါဒဖြန့်တယ်လီဂရမ်အကောင့်တွေမှာ ဖော်ပြနေကြပါတယ်။ အာဏာသိမ်း ၃ နှစ်နီးပါးအတွင်း နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာတော့ လေယာဉ်တွေကို ပြုပြင်ထိန်းသိမ်းဖို့နဲ့ လေယာဉ်ဆီအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ အခုလိုအခြေအနေတွေကြောင့် စစ်ကောင်စီဟာ ဒရုန်းနဲ့အပေါ့စားသယ်ယူပို့ဆောင်ရေး လေယာဉ်တွေကို ဗုံးကြဲဖို့လုပ်ဆောင်လာတာ ဖြစ်ပါတယ်။…

ကော့ကရိတ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

ကော့ကရိတ်၊ ဒီဇင်ဘာ ၂၉ တော်လှန်ရေးအင်အားစုအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား အချိန်တစ်လနီးပါးကြာ ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေလည်း မီးရှို့ခံနေရတယ်လို့ ကော့ကရိတ်သတင်ရင်းမြစ်တွေကနေ သိရပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား စစ်ရေးတိုက်ပွဲတွေဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး ကော့ကရိတ်မြို့ အနောက် တောင်ဘက်ခြမ်းရှိ…

ပေါက်မှာ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာ

ပေါက် – ဒီဇင်ဘာ ၂၈ မကွေးတိုင်း၊ပေါက်မြို့နယ် ကုက္ကိုစု ပျူစောထီးကျေးရွာက စစ်ကောင်စီဩဇာခံ ပျူစောထီး တစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလငးဝင်ရောက်လာတယ်လို့ မြိုင် ပကဖက သတင်းထုတ်ပြန် ထားပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ စစ်ရေးအသာစီးရမှုတွေကို မြင်တွေ့လာရတာကြောင့် အလင်းဝင်ရောက်လာတာဖြစ်တယ် လို့ ဆိုထားပါတယ်။ “စကစတပ်သားတွေရဲ့ နှိပ်စက်တာ၊…

လက်နက်ချအညံ့ခံတဲ့ ယူကရိန်းစစ်သားတွေ ပစ်သတ်မှု ရုရှားကို စစ်ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးမယ်

ကိဗ်၊ ဒီဇင်ဘာ ၂၉ ရှေ့တန်းမှာ လက်နက်ချ ဒူးထောက်ထားတဲ့ ယူကရိန်း လေထီးခုန်စစ်သားတွေကို ရုရှားစစ်သားတွေက သွေးအေးအေးနဲ့ ပစ်သတ်လိုက်တဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် စစ်ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။ ရုရှားသိမ်းပိုက်ထားတဲ့ ဇာပိုရီဇီဟီရာမြို့က ရှေ့တန်းမှာ ယူကရိန်းစစ်သားတွေ လက်နက်ချပြီး လက်တွေကို ခေါင်းနောက်မှာ ယှက်ထားတဲ့အချိန် ရုရှားစစ်သားတွေက ရက်ရက်စက်စက် သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်က ရုပ်ထွက်ညံ့ပေမယ့် သူတို့တွေကို…

သက်ဆင်ပြီးတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက် ပြည်တော်ပြန်ဖို့ ရှိနေ

ဘန်ကောက်၊ ဒီဇင်ဘာ ၂၉ တရားခံပြေးတစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝါထရာဟာ လာမယ့်နှစ်အတွင်း အကိုဖြစ်သူရဲ့ပုံစံအတိုင်း ပြည်တော်ပြန်လာဖို့ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံး သပ်သူတစ်ဦးဖြစ်တဲ့ ဂျာတူပွန် ပရွန်ပန်က ပြောပါတယ်။ ယင်လက်အနေနဲ့ ပြည်တော်ပြန်ဝင်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုပါက တော်ဝင်မိသားစုရဲ့ အသနားခံမှု မတိုင်ခင် တရားစီရင်ရေးစနစ်အတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်လို့ နိုင်ငံအစိုးရရဲ့ ဥပဒေကျွမ်းကျင်သူ တစ်ဦးကဆိုထားတာပါ။ ဘတ်ငွေအနည်းဆုံး သန်း ၅၀၀ ဆုံးရှုံးခဲ့တဲ့ ဆန်သိုလှောင်ရေးအစီအစဉ်အတွက်…

သက်ငယ်မုဒိမ်းမှုနဲ့ ထောင်ကျနေတဲ့ သရုပ်ဆောင် မင်းရာဇာက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်နေ

ရန်ကုန် – ဒီဇင်ဘာ ၂၈ သက်ငယ်မုဒိမ်းမှုနဲ့ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာဟာ အင်းစိန် ထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်တာတွေ ဦးဆောင်ပြီး လုပ်ကိုင် နေတယ်လို့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ အင်းစိန်ဗဟိုအကျဉ်းထောင် အဆောင် ၄ က ပုံစံအခန်းကို အသစ်ဝင်ရောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မင်းရာဇာဦးဆောင်တဲ့အဖွဲ့က…