ဂန့်ဂေါကန်ရွာ ရဲစခန်းကို စစ်ကောင်စီတပ်စွန့်ခွာထွက်ပြေး
ဂန့်ဂေါ – နိုဝင်ဘာ ၂၇ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် ကန်ကျေးရွာ အခြေစိုက် ရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဂန့်ဂေါ ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ညပိုင်းမှာ စခန်းစွန့်ခွာထွက်ပြေးသွားတာဖြစ်ပြီး အဲဒီစခန်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်နက်ချအညံ့ခံဖို့ ညှိနှိုင်းမှုတွေရှိခဲ့ဖူးကာ စစ်ကောင်စီဘက်က ဖိအားပေးတာတွေရှိခဲ့တဲ့အတွက် စခန်းစွန့်ခွာခဲ့ကြတာပါ။ “ည ရှစ်နာရီလောက်ကစခန်းကို…