2023

NNDP ပါတီ ဥက္ကဠ ဦးသန်းထွန်း ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့မှာ နေထိုင်တဲ့ အမျိုးသား ဒီမိုကရေစီပါတီသစ် (NNDP) ဥက္ကဠ ဦးသန်းထွန်းကို ဒီနေ့ မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ငမိုး ရိပ် Mission Networkက ထုတ်ပြန်ထားပါတယ်။ ဦးသန်းထွန်းဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မကျင်းပမှီကတည်းက အခြားသော ပါတီ ၃၄ ခုနဲ့အတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့…

ကော့ကရိတ်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံတွေနဲ့ခရီးသွားကားအများအပြား ပိတ်မိနေ

ကော့ကရိတ်၊ ဒီဇင်ဘာ ၁ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ကော့ကရိတ်မြို့ပေါ်တိုက်ပွဲဟာ ခင်နိမ်းမူ၊သပြေကုန်း၊မြို့တော်ဦး၊ချောင်းတောင်၊မြို့အလယ် နေရာအနှံ့ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း မြို့ခံတွေအပြင် ခရီးသွားကား ရာနဲ့ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။ ကနဦးတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့…

လောင်းလုံးမှာ စစ်ကြောင်းဝင်လာပြီး ဒေသခံတွေထံ ခြိမ်းခြောက်ငွေကြေးတောင်းယူသွား

လောင်းလုံး၊ ဒီဇင်ဘာ ၁ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကဗွီးနှစ်ပင်ကျေးရွာထဲကို နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာပြီးနောက် ဒေသခံတွေထံက ခြိမ်းခြောက်ငွေကြေးတောင်းယူသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီနေ့မနက် ၆ နာရီလောက်ကစပြီး တပ်အင်အား ၇၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မောင်းမကန်ရဲစခန်းကနေ ကဗွီးနှစ်ပင်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် အရပ်သားပြည်သူတွေ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။…

စစ်အာဏာသိမ်း (၁၀၃၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၀၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၁) AAPP ရဲ့ နိုဝင်ဘာ(၃၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၃၃) ရက်အတွင်း ပြည်သူ (၄၂၀၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၈၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၇၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

မွန်ပြည်နယ်မှာ ဆန်အသစ်ပေါ်ကာလမှာပဲ ဆန်ဈေးနှုန်း ထပ်မံမြင့်တက်လာ

မော်လမြိုင်၊ ဒီဇင်ဘာ ၁ မွန်ပြည်နယ်မှာ ဆန်အသစ်ပေါ်ကာလမှာပဲ ဆန်ဈေးနှုန်းတွေ တရိပ်ရိပ်ထပ်မံမြင့်တက်လာပြီး ပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် တစ်သိန်းနှစ်သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဆန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာပထမအပတ်အတွင်း တစ်အိတ်ကို ကျပ် တစ်သိန်းဝန်းကျင်သာရှိခဲ့တဲ့ ပေါ်ဆန်းမွှေးဈေးနှုန်းဟာ နိုဝင်ဘာနောက်ဆုံးအပတ်မှာတော့ တစ်သိန်းနှစ်သောင်းကျော်အထိ ဈေးနှုန်းခုန်တက်လာခဲ့ပါတယ်။ ဒါ့အပြင် ပေါ်ကျွဲဆန်ကလည်း တစ်အိတ်ကို ကျပ်ကိုးသောင်းခွဲကနေ ကျပ်တစ်သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်လာသလို ဆန်အသစ်ပေါ်တိုင်း ဈေးနှုန်းထက်ဝက်နီးပါး…

နိုင်ငံအနှံ့တိုက်ပွဲအတွင်း သာလွန်အင်အားနဲ့ တိုက်ခိုက်ခံနေရတယ်လို့ စစ်ခေါင်းဆောင်ညည်းတွား

နေပြည်တော်၊ ဒီဇင်ဘာ ၁ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံအနှံ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ သာလွန်အင်အားနဲ့ တိုက်ခိုက်မှုတွေကို ခံနေရတယ်လို့ စစ်ခေါင်းဆောင်က ညဉ်းတွားပြောဆိုလာပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နောက်ခံအကြောင်းတွေနဲ့ အပစ်ခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး အင်အားတိုးချဲ့လာမှုအပေါ်ဆက်စပ်ပြီး ပြောဆိုခဲ့တာပါ။ စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်မှာ ခံစစ်အသွင်ဖြစ်လာနေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့…

KNU နယ်မြေမှာ လက်နက်ကြီးကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရ

ညောင်လေးပင်၊ ဒီဇင်ဘာ ၁ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေ ၅…

သထုံ ကျိုက္ကော်မှာ စရဖ သတင်းပေးတစ်ဦး ပစ်သတ်ခံရ

သထုံ၊ ဒီဇင်ဘာ ၁ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်မှာ စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့(စရဖ) သတင်းပေးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၅၀ အရွယ် စရဖ သတင်းပေး ဦးသန်းနိုင်ဟာ နိုဝင်ဘာ ၃၀ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်က ကျိုက္ကော်ရပ်ကွက် တိုင်ကောက်လမ်းဝရှိ…

အမေရိကန်ထောက်ပြထားတဲ့ လုံခြုံရေးကဏ္ဍတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အိန္ဒိယမှာ ကော်မတီ ဖွဲ့စည်း

နယူးဒေလီ၊ ဒီဇင်ဘာ ၁ ဆစ်ခ် လူမျိုးခွဲထွက်ရေးခေါင်းဆောင် သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက ထုတ်ပြန်ထားတဲ့ သတိပေးချက်နဲ့ လုံခြုံရေးကဏ္ဍစိုးရိမ်မှုတွေကို တရားဝင်စုံစမ်းဖို့ ကော်မတီတစ်ရပ်ဖွဲ့စည်းလိုက်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မတိုင်မီ တစ်ပတ်အလိုမှာအမေရိကန်က ဆစ်ခ် ခွဲထွက်ရေး ခေါင်းဆောင်ကို သတ်ဖြတ်တဲ့ ကြံစည်မှုမှာ အိန္ဒိယဘက်က ပါဝင်ပတ်သက်မှု ရှိနိုင်တယ်လို့ သတိပေးခဲ့တာပါ။ အမေရိကန်နိုင်ငံရဲ့ ထုတ်ပြန်ချက်ဟာ…

ဟားမတ်စ်တို့ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စုံစမ်းစစ်ဆေးဖို့ UN ကော်မရှင် သက်သေတောင်းခံ

ဂျီနီဗာ၊ ဒီဇင်ဘာ ၁ အစ္စရေး-ဟားမတ်စ် နှစ်ဖက်လုံးရှိ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလစုံစမ်းရေးကော်မရှင်က ဟားမတ်စ်တို့ရဲ့လိင်အကြမ်းဖက်မှုဖြစ်ရပ်တွေအပေါ် အာရုံစိုက်သွားမှာဖြစ်ပြီး သက်သေအထောက်အထား တွေအတွက် အယူခံဝင်တော့မယ်လို့ အဖွဲ့ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ အစောပိုင်းမှာ ကုလသမဂ္ဂက နှုတ်ဆိတ်နေမှုကြောင့် အစ္စရေးနဲ့ဓားစာခံမိသားစုတွေရဲ့ ဝေဖန်မှုတွေကြားမှာပဲ သက်သေအထောက်အထားတွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးမှာဖြစ်ပြီး တရားစွဲဆိုမှုတွေကို ထည့်သွင်းစဉ်းစားဖို့ တောင်းဆိုသွားမယ်လို့ ဥက္ကဌ နာဗီပီလေးက ဆိုခဲ့ပါတယ်။…