December 2023

NUG အမှတ်တံဆိပ်သုံးပြီး သတင်းအတုများဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာ သိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတှေ ဖြန့်ဝေနေတဲ့ လွိုင်ကော်တက္ကသိုလ် တွင် တိုက်ပွဲဖြစ်ပွားမှုအကြားမှ ကယ်တင်ထိန်းသိမ်းထားသည့် ပညာရေးဝန် ထမ်းများနှင့် မိသားစုဝင်များကို ကြာရှည်ထိန်းသိမ်းထားခြင်းမပြုလုပ်ဘဲ အမြန်ဆုံး ပြန်လွှတ်ပေးရန်…

မွန်ပြည်နယ်ရှိ ရတခတိုင်းမှူးနေအိမ်အပါအဝင် စစ်ရေးပစ်မှတ်လေးခု ဒရုန်းနဲ့တိုက်ခိုက်ခံရ

မော်လမြိုင် – ဒီဇင်ဘာ ၂ မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး လျှို့ဝှက်နေအိမ်၊ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် နေအိမ်နဲ့ စစ်ရေးပစ်မှတ်လေးခုကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ပြည်နယ် ပကဖ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဒီစစ်ဆင်ရေးကို မနေ့ ဒီဇင်ဘာ ၁ ရက် ည ၉ နာရီခွဲအချိန်ခန့်မှာ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ (Alpha…

ဗိုလ်တထောင်မှာ သေနတ်ပြပြီး သိန်းတစ်ထောင်လုယက်ခံရ

ရန်ကုန် – ဒီဇင်ဘာ ၂ ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ်မှာ လူတစ်စုက အမျိုးသား ၂ ဦးကို သေနတ်ပြခြိမ်းခြောက် ဖမ်းဆီးပြီး ကျပ်ငွေ သိန်း ၁၀၀၀ လုယက်သွားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက ဗိုလ်တထောင်မြို့နယ် ၈ ရပ်ကွက် မဟာဗန္ဓုလလမ်း နဲ့ ၄၁ လမ်းထိပ်မှာ အမျိုးသားနှစ်ဦးကို…

ရေဇွာမြို့သိမ်းနိုင်ခဲ့တဲ့ ချင်းတော်လှန်ရေးတပ်ပေါင်းစုကို ပြည်သူတွေ ဂုဏ်ပြုကြိုဆို

မော်လမြိုင် – ဒီဇင်ဘာ ၂ ချင်းပြည်နယ်၊ရေဇွာမြို့သိမ်းနိုင်ခဲ့တဲ့ ချင်းတော်လှန်ရေးတပ်ပေါင်းစုကို ပြည်သူတွေ ဂုဏ်ပြု ကြိုဆိုခဲ့ကြတယ်လို့ Chinland Information Center က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရေဇွာမြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်း တွေကို CNA ရဲ့ စစ်ဦးစီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ မြို့သိမ်းတိုက်ပွဲကို CNA ကဦးဆောင်ပြီး…

ကရင်နီမှာ Federal Wings ဒရုန်းတပ်ဖွဲ့ တိုက်ပွဲဝင်နေပြီလို့ အသိပေး

လွိုင်ကော် – ဒီဇင်ဘာ ၂ ကရင်နီပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ Federal Wings ဒရုန်းတပ်ဖွဲ့ဟာ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ရဲ့ဦးဆောင်မှုနဲ့ ဝေဟင်တိုက်ပွဲတွေ စတင်ဆင်နွှဲနေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ဆင်ရေးတွေကို ကရင်နီပြည် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (KPLA)၊ KA တပ်ရင်း-၁ ၊ PDF KNDF (ကလလတ) လက်အောက်ခံအဖြစ် Federal…

ထားဝယ်ပေါက်တိုင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

ထားဝယ်၊ ဒီဇင်ဘာ ၂ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ ပေါက်တိုင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တပ်အင်အား ၃၀ နီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီ ပေါက်တိုင်းစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၆ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ ထားဝယ်ခရိုင်အမှတ်(၁) တပ်ရင်း ဦးဆောင်တဲ့…

စစ်အာဏာသိမ်း (၁၀၃၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၁၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၂) AAPP ရဲ့ ဒီဇင်ဘာ(၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၃၄) ရက်အတွင်း ပြည်သူ (၄၂၁၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၈၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

တိုက်ပွဲအတွင်း အရပ်ဘက်အဆောက်အအုံတွေကို စစ်ကောင်စီ ဘယ်လိုသဘောထားလဲ

လွိုင်ကော်၊ ဒီဇင်ဘာ ၂ စစ်မက်ရေးရာမှာ တဖြည်းဖြည်းပြိုကျလာနေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲအတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက အရပ်ဘက်ဆိုင်ရာအဆောက်အအုံတွေကနေ ဝင်ရောက်တိုက်ခိုက်လာရင် စစ်ဘက်ဆိုင်ရာအဆောက်အအုံအဖြစ် ပြောင်းလဲသွားမယ်လို့ ထုတ်ပြောလာပါတယ်။ ရခိုင်နဲ့ ကရင်နီပြည်နယ်က တိုက်ပွဲတွေအတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြည်သူပိုင်အဆောက်အအုံတွေအပြင် ပညာရေး၊ ကျန်းမာရေး အဆောက်အအုံတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကရင်နီပြည်နယ်က…