December 2023

စစ်အာဏာသိမ်း (၁၀၅၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၆၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၃) AAPP ရဲ့ ဒီဇင်ဘာ(၂၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၅၅) ရက်အတွင်း ပြည်သူ (၄၂၆၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၆၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၉၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

ကံပေါက်ဒေသခံ အမျိုးသမီးနှစ်ဦး ထပ်မံဖမ်းဆီးခံရ

ရေဖြူ၊ ဒီဇင်ဘာ ၂၃ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်အခြေစိုက် စစ်ကောင်စီရဲ့ မောရဝတီရေတပ်စခန်းဌာနချုပ် တိုက် ခိုက်ခံရပြီးနောက် နောက်ထပ်ဒေသခံအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ကနေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ အိမ်စီးကားတွေနဲ့ဝင်ရောက် လာပြီးနောက် ကံပေါက်ကျေးရွာအုပ်စု လှည်းကုန်း အမှတ်(၂) ရပ်ကွက်နေ ဒေသခံတွေဖြစ်တဲ့…

တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA သိမ်းပိုက်

အင်ဂျန်းယန်၊ ဒီဇင်ဘာ ၂၃ တနိုင်ငံလုံးအနှံ့ ထိုးစစ်တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေကြချိန်မှာ ကချင်ပြည်နယ်မှာတော့ တိုက်ပွဲမဖြစ်ဘဲ စစ်‌ကောင်စီတပ်စခန်းချထားတဲ့ နယ်မြေနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ရရှိထားပါတယ်။ ကချင်လွတ်လပ်ရေးတပ်တော် KIA အနေနဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း အင်ဂျန်းယန်မြို့နဲ့ အင်ခါဂါးကျေးရွာက စစ်ကောင်စီ အခြေစိုက်တပ်စခန်း‌တွေမှာ တပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ နယ်မြေနှစ်ခုကို ရရှိထားတာပါ။ ကချင်ပြည်နယ် ပူတာအိုခရိုင်…

မွန်ပြည်နယ် ကျိုက်မရောစစ်ရှောင်ပြည်သူတွေ စောင်နဲ့အနွေးထည် အရေးပေါ်ကူညီလိုအပ်နေ

ကျိုက်မရော၊ ဒီဇင်ဘာ ၂၃ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ ရာသီဥတုအေးလာတဲ့အတွက် စောင်နဲ့အနွေးထည် အ ကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ ကျိုက်မရောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ချောင်းနှစ်ခွနယ်မြေရဲ စခန်းနဲ့ တံတားဂိတ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်…

ဘီးလင်းဘုရားပွဲ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

ဘီးလင်း၊ ဒီဇင်ဘာ ၂၃ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ကော့ကမယ်ကျေးရွာရှိ ကိုနဝင်းစေ တီဘုရားပွဲ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဘုရားပွဲကျင်းပရာ အာဝါဒေး လောင်းကစားဝိုင်းအနီးရှိ ဆိုင်ကယ်ရပ်နားခ…

သံဖြူဇရပ်ဒေသခံ ၃ ဦး အကြမ်းဖက်ပုဒ်မတွေနဲ့ ထပ်မံအမှုဖွင့်ခံရ

သံဖြူဇရပ်၊ ဒီဇင်ဘာ ၂၃ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ဖမ်းဆီးထားတဲ့ ဒေသခံ ၃ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ ထပ်မံအမှုဖွင့်ထားတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖအဖွဲ့ဝင် ဦးမြသန်းကို ပစ္စတိုသေနတ်…

တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို စစ်ကောင်စီသွေးခွဲဖို့လုပ်နေတယ်လို့ NUG ပြော

မော်လမြိုင် – ဒီဇင်ဘာ ၂၂ အာဏာသိမ်းစစ်ကောင်စီတပ်အနေနဲ့ အဖက်ဖက်က ကျဆုံးဖို့ နီးလာတာကြောင့် တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲဖို့ ပိုမိုလုပ်ဆောင်လာနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် ၅၁/၂၀၂၃ မှာအခုလိုပြောခဲ့ တာပါ။ “တော်လှန်ရေးဖြစ်စဉ်တစ်ခုလုံးကို…

စစ်တပ်နှစ်ခုကြား ဆက်ဆံရေး ပြန်လည်စတင်ဖို့ အမေရိကန်နဲ့ တရုတ်ထိပ်တန်းအရာရှိတွေ ဆွေးနွေး

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃ အမေရိကန် ထိပ်တန်းစစ်ဘက်အရာရှိတွေနဲ့ တရုတ်ကာကွယ်ရေးဦးစီးချုပ်တို့ဟာ ဒီဇင်ဘာ ၂၁ ရက်နေ့က အွန်လိုင်းတွေ့ဆုံမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့ပါတယ်။ ဒီနှစ်အတောအတွင်း အခုလိုတွေ့ဆုံမှုဟာ နှစ်နိုင်ငံစစ်တပ်နှစ်ရပ်အကြား ပိုမိုကျယ်ပြန့်တဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်နိုင်ဖို့ အမေရိကန်အရာရှိတွေက မျှော်လင့်နေကြတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် သြဂုတ်လက နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်အပြီး ဘေဂျင်းအစိုးရက အမေရိကန်ကို စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး…