ကိဗ်၊ ဒီဇင်ဘာ ၂၉

ရှေ့တန်းမှာ လက်နက်ချ ဒူးထောက်ထားတဲ့ ယူကရိန်း လေထီးခုန်စစ်သားတွေကို ရုရှားစစ်သားတွေက သွေးအေးအေးနဲ့ ပစ်သတ်လိုက်တဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် စစ်ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။

ရုရှားသိမ်းပိုက်ထားတဲ့ ဇာပိုရီဇီဟီရာမြို့က ရှေ့တန်းမှာ ယူကရိန်းစစ်သားတွေ လက်နက်ချပြီး လက်တွေကို ခေါင်းနောက်မှာ ယှက်ထားတဲ့အချိန် ရုရှားစစ်သားတွေက ရက်ရက်စက်စက် သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုဖိုင်က ရုပ်ထွက်ညံ့ပေမယ့် သူတို့တွေကို ရုရှားစစ်သားတွေက ပစ်သတ်လိုက်တာကိုတော့ အသေအချာ မြင်တွေ့ရပါတယ်။

ဒီဖြစ်ရပ်ကို ယူကရိန်း ထိပ်တန်းအရာရှိတွေက ပြစ်တင်ရှုတ်ချထားပြီး ပူတင်ရဲ့စစ်သားတွေဟာ လူတွေ မဟုတ်ဘူးဆိုတာကို သက်သေထူနေတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

စစ်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်အကျဉ်းသားတွေကို ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ နိုင်ငံတကာ ဥပဒေမှာ သဘောတူထားပြီ ဖြစ်ပေမယ့် ရုရှားစစ်သားတွေက လူမဆန်စွာ ပစ်သတ်လိုက်ကြတာ ဖြစ်ပါတယ်။

ဒါဟာ စစ်ပွဲအကျဉ်းသားတွေနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်ပြီး ယူကရိန်း ထောက်လှမ်းရေးဌာနက စုံစမ်းစစ်ဆေးနေပါတယ်။

ဒီဗီဒီယိုကို စစ်ဆေးအတည်ပြုပြီးနောက်မှာ ရုရှားစစ်သားတွေကို စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်ရေး အထောက်အထားအဖြစ် အသုံးပြုသွားဖို့ ရှိနေပါတယ်။

ရုရှားစစ်သားတွေဟာ ရှေ့တန်းမှာဖမ်းမိတဲ့ ယူကရိန်း စစ်သားတွေကို ပစ်သတ်နေကျဖြစ်ပြီး အခု ဗီဒီယိုဟာ အဲဒီလို ဖြစ်ရပ်တွေ အများကြီးထဲက တစ်ခုလောက်ပဲ ဖြစ်တယ်လို့ ယူကရိန်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Ref –  Daily Mail

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.