ထီးလင်း – ဒီဇင်ဘာ ၂၁
မကွေးတိုင်း၊ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာအခြေစိုက် စစ်ကောင်စခန်းသိမ်းတိုက်ပွဲ တစ်ပတ်တာတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ဖမ်းဆီး ရမိခဲ့သူတွေလည်းရှိတယ်လို့ ယောကာကွယ်ရေးတပ် – YDF က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်အစောပိုင်းထဲက ရေမျက်နီကျေးရွာရဲစခန်းမှာ အထိုင်ချ ထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေ တာပါ။
တိုက်ပွဲစတင်တဲ့ ရက်မှာထဲက ရေမျက်နီစခန်းအတွင်း တော်လှန်ရေးတပ်တွေဝင်ရောက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေကို လက်နက်ချဖို့ အသိပေခဲ့ပေမယ့် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
“မဟာမိတ်ပူးပေါင်းအဖွဲ့က ရေမျက်နီစခန်းကို သိမ်းပိုက်ရရှိနိုင်ရေးတစ်ပတ်ကြာ ဆင်နွှဲခဲ့တဲ့ မဟာမိတ် ပူးပေါင်းစစ်ဆင်ရေး တိုက်ပွဲမှာ ရန်သူ့ဘက်က မြေပြင်စစ်ကူစစ်ကြောင်းများစွာနဲ့ အပြင်းအထန် ပြန်လည်ခုခံခဲ့တဲ့အပြင် MI 35 တိုက်ခိုက်ရေး ရဟတ်ယာဥ် အပါအဝင် Jet Fighter တွေနဲ့ အကြိမ်ရေများစွာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်”လို့ ယော ကာကွယ်ရေးတပ်က သတင်းနဲ့ပြတ်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ် ကိုပြောပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့ဟာ စစ်ကောင်စီစခန်းကိုတိုက်ခိုက်ခဲ့တာအပြင် စစ်ကူလာတဲ့ စစ်ကြောင်းတွေကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့သလို လေယာဉ်နဲ့ ပစ်ကူပေးနေတဲ့ မုံရွာ နမခ က MI-35 တိုက်ခိုက်ရေးယာဉ်ကိုလည်း စက်လက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ကိုယ်ထည်အမြီးပိုင်းထိမှန်ပြီး ကျော ကပစ ထဲဆင်းသက်ခဲ့ရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က စစ်လက်နက်ပစ္စည်းတွေနဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိထားတယ်လို့ တော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ရေမျက်နီစခန်းသိမ်းတိုက်ပွဲကြောင့် ရေမျက်နီကျေးရွာနဲ့ ပတ်ဝန်းကျင် ကျေးရွာက ဒေသခံ တစ်ထောင်ကျော်စစ်ဘေးရှောင်နေရပြီး ကျေးရွာတွေအတွင်းမှာတော့ ဂန့်ဂေါ ခလရ ၅၀ က စစ်ကောင်စီတပ်သားတွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YDF