စစ်တပ်က သတ်ဖြတ်တာ၊ အိမ်တွေကိုမီးရှို့တာ၊ အခုကရွာတွေထဲဝင်ပြီးတော့ လူနဲ့ပစ္စည်းတွေမှန်သမျှကို သူ့တပ်ကလုပ်တာကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတာ။ အကြမ်းဖက်မှုတွေအားလုံးက သူလုပ်ခဲ့တာ။ သူခိုးကလူပြန်ဟစ်နေတာ”

တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ပွဲတိုင်းလိုလို ရှုံးနိမ့်နေတဲ့ အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းကြ ဖို့ ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း ထုတ်ပြောလာပါတယ်။ သူရဲ့ထုတ် ပြောမှုဟာ ၁၀၂၇ စစ်ဆင်းရေးနဲ့အတူ မြို့ပေါင်း ၁၈ မြို့ထက်မနည်း လက်လွှတ်ထားရတာ၊ တပ်စခန်း ရာနဲ့ချီ ဆုံးရှုံးရတာ၊ တပ်ရင်းအလိုက် လက်နက်ချ အလင်းဝင်မှုတွေရှိလာချိန်နဲ့ စစ်ပြေးတွေကို ပြန်လက်ခံရတဲ့အချိန် ဖြစ်နေပါတယ်။

ဒါကြောင့် စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုအပေါ် ဘာဘောထားအမြင်၊ ဖြစ်လာနိုင်တဲ့ နိုင်ငံအရေးအခင်းအကျင်း တွေအပါအဝင် အာဏာသိမ်းစစ်တပ်ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ရေး၊နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး စစ်ခေါင်းဆောင်က သူတို့ကြောင့်မဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့တွေရဲ့ မိုက်မဲမှု တွေကြောင့် ပြည်သူတွေပဲ နစ်နာမှုမယ်လို့ ပြောဆိုမှုအပေါ် ဘယ်လိုမြင်ပါသလဲ။

ဦးသန်းစိုးနိုင် – သူခိုးကလူကိုဟစ်နေတယ်။ မင်းအောင်လှိုင်စစ်တပ်က သတ်ဖြတ်တာ၊ အိမ်တွေကိုမီးရှို့တာ၊ အခုကရွာတွေထဲဝင်ပြီးတော့ လူနဲ့ပစ္စည်းတွေမှန်သမျှကို သူ့တပ်ကလုပ်တာကြောင့် ပြည်သူတွေ ဒုက္ခရောက် နေတာ။ အကြမ်းဖက်မှုတွေအားလုံးက သူလုပ်ခဲ့တာ။ အဲဒါကြောင့် သူခိုးကလူပြန်ဟစ်နေတယ်။ အားလုံးက သူ့ရဲ့အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေ ဒုက္ခမျိုးစုံရောက်နေရတာ ဖြစ်ပါတယ်။ အဲဒါတွေကြောင့် ဘာမှ သူ့ကိုတုံ့ပြန်ရှင်းပြနေစရာ မလိုပါဘူး။ လိုတာကတော့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထုရဲ့ တိုက်ပွဲကို အရှိန်အဟုန်မြှင့်ပြီးတော့ တိုက်ခိုက်ကြဖို့ လိုတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။

သံလွင်တိုင်းမ် – အာဏာသိမ်းစစ်ကောင်စီတပ်က လုံးဝအရေးမလှတော့တဲ့ အခြေအနေမှာ စစ်ခေါင်းဆောင်က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းမှုအပေါ် ဘယ်လိုသုံးသပ်ပါသလဲ။

ဦးသန်းစိုးနိုင် – ဒါကတော့ စစ်အာဏာရှင်တွေက ချောင်ပိတ်မိပြီး အကျပ်အတည်းဖြစ်လာရင် ဒီလေသံပစ်လာ တာ။ ဒီအပေါ်မှာ ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ စိတ်ကူးမယဉ်ဖို့နဲ့ ဒီအပါ်မှာ သူပြောတာကိုလိုက်ပြီး လမ်း လွဲမလိုက်ကြဖို့ပဲ လိုပါတယ်။ ဒီနေ့ ဗမာပြည်မှာကျရောက်နေတဲ့ ဒုက္ခအားလုံးရဲ့ ဇစ်မြစ်က စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်တပည့်တွေရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကြောင့် တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေကြောင့် ဖြစ် တာကို သဘောပေါက်ထားဖို့ပဲ လိုပါတယ်။ မင်းအောင်လှိုင်ဆီက နိုင်ငံရေးထွက်ပေါက်ရှာလို့ အဲဒီအပေါ်မှာ ယုံကြည်မှုလည်း မထားဘူး။ နိုင်ငံရေးထွက်ပေါက်လည်း မပေးဖို့လိုတယ်။ အခုချိန်မှာတော့ သူ့အပါအဝင် စစ် ကောင်စီအားလုံး ပြည်သူ့ခုံရုံးတင်ပြီး တရားစွဲနိင်ဖို့အတွက် နွေဦးတော်လှန်ရေးကို အားလုံးက ဝိုင်းဝန်းကူညီကြ ဖို့ပဲ လိုတယ်လို့ ကျွန်တော်ယူဆပါတယ်။

သံလွင်တိုင်းမ် – ဒို့တာဝန်အရေး သုံးပါးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ ရပ်တည်ဆွေးနွေး မယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုအပေါ် ဘယ်လိုမြင်ပါသလဲ။ ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ဖို့ ရှိမလား။

ဦးသန်းစိုးနိုင် – ကျွန်တော်တို့ ပြည်သူ့တော်လှန်ရေးဘက်ကလည်း သဘောထားဖော်ပြပြီးသားပါ။ အခုက ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖျက်သိမ်းဖို့ စစ်တပ်က နိုင်ငံရေးကနေ ဆုတ်ခွာပေးဖို့ အဲဒီနှစ်ချက် ရရှိမှ သာ တွေ့ဆုံဆွေးနွေးရေးကို စဉ်းစားမယ်လို့ ကျွန်တော်တို့ နွေဦးတော်လှန်ရေးဘက်က သဘောထားထုတ် ပြန်ပြီး ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ဆက်လုပ်သွားဖို့ လိုပါတယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းက ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။ စစ်အုပ်စုရဲ့ အလားအလာနဲ့ပတ်သက်ပြီး ဆွေးနွေးပေးပါဦး။

ဦးသန်းစိုးနိုင် – နိုင်ငံရေးထွက်ပေါက်ရှာဖို့ တင်ပြလာတဲ့ထဲက မင်းအောင်လှိုင်တို့ အုပ်စုကတင်ပြလာတဲ့ နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲတို့ ညှိနှိုင်းပွဲတို့ အပစ်ခတ်ရပ်စဲရေးတို့ကို ကျွန်တော်တို့ လုံးဝထည့်သွင်းမစဉ်းစားဖို့ လို တယ်။ ဒီအချိန်မှာ ပြည်သူတွေအောင်ပွဲရမယ့် အချိန်အခါဖြစ်တဲ့အတွက် ဒီစစ်ကောင်စီ ဥက္ကဌအပါအဝင် စစ် ကောင်စီနဲ့ စစ်အာဏာရှင်စနစ်တစ်အုပ်လုံးကို တောထုတ်ပစ်ဖို့လိုတဲ့ အချိန်ပဲလို့ ကျွန်တော်တော့ မြင်ပါ တယ်ခင်ဗျ။ နိုင်ငံရေးနည်းအရတော့ မင်းအောင်လှိုင်ကို နိုင်ငံရေးထွက်ပေါက် မပေးဖို၊့ မစဉ်းစားဖို့ ကျွန်တော်တို့ ဖြစ်နိုင်တဲ့ဘက်ကနေ ကျွန်တော်တို့ တနိုင်တပိုင်ပဲဖြစ်ဖြစ် နွေဉီးတော်လှန်ရေး အင်အားစုတွေကို အားပေးဖို့ ထောက်ပံ့ဖို့ ပြည်သူတွေဘက်မှာ တာဝန်ရှိတယ်လို့ ကျွန်တော်က မြင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.