ကိုးကန့် – ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသမြောက်ပိုင်း မော်ထိုက်၊ချုံကန်၊ကုန်းကမ်းစတဲ့ နေရာတွေမှာ စစ်ကောင်စီ နှစ်ပေါင်း ၃၀ နီးပါး တပ်စွဲတည်ဆောက်ခဲ့တဲ့ တပ်စခန်းသိမ်းတိုက်ပွဲမှာ MNDAA ရဲ့ ပစ်ခတ်မှု ကြောင့် စစ်ကောင်စီ စကခ ၁၂ ရဲ့ စကခမှူး သေဆုံးခဲ့တယ်လို့ The Kokang မှာဖော်ပြထားပါတယ်။

စခန်းသိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့တွေနေရာအနှံ့ကိုထွက်ပြေးပုန်းအောင်းတဲ့နေရာတွေ ကို MNDAA ရဲ့ ဝန်းရံပစ်ခတ်မှုကြောင့် စစ်ကောင်စီ စကခ ၁၂ ရဲ့ စကခမှူးသေဆုံးခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ စစ်ကောင်စီအကြွင်းအကျန်အဖွဲ့ဝင်တွေ ဆက်လက်ရှင်းလင်းသုပ်သင်ဖို့ လုပ်ဆောင်နေချိန်မှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီရုပ်အလောင်းတစ်လောင်းတွေ့ရှိပြီး အဲဒီ အလောင်းပေါ်မှာ ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကို တွေ့ရှိကာ သေဆုံးသူမှာ စကခ ၁၂ မှ စကခမှူး အောင်ဇော်လင်းဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

ကုန်းကြမ်းတပ်စခန်းမှ လက်နက်ချတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေထဲမှာ အမြဲတမ်းတပ်စွဲနေထိုင်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ခလရ ၁၂၅၊မော်ထိုက်နဲ့ ချုံကန်နေရာမှ ကုန်းကြမ်းစခန်းသို့ ထွက်ပြေးလာတဲ့ စကခ ၁၂ နဲ့ စကခ ၁၆ တို့ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေထွက်ပြေးသွားပြီးနောက် သိမ်းဆည်းရရှိထားတဲ့ လက်နက်တွေအရ စစ်ကောင်စီ ရှောက်ကိုင်အုပ်စုနေရာတလျှောက်မှာ ပစ်သတ်ချေမှုန်းခံရတဲ့ စစ်ကောင်စီအဖွဲ့ဝင်မှာ စကခ ၁၂ လက်အောက်ခံ တပ်ရင်း ၃၅၅ နဲ့ စကခ ၁၆ လက်အောက်ခံ တပ်ရင်း ၆၉ တပ်ရင်း ၃၂၃ တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံးကိုးတိုက်ပွဲမှာ MNDAA မှမုံးကိုးဗျူဟာကုန်းကို ပြန်လည်သိမ်းပိုက်ဖို့ စစ်ဆင်ရေး ဆောင်ရွက်နေချိန်မှာ စစ်ကောင်စီရဲ့ တပ်မမှူးတစ်ဦးကို ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုထားပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.