“သူတို့(စကစ)ကတော့ အထိနာထားတဲ့ အနေအထားမျိုးရှိတယ်။ စခန်းတွေတော်တော်များများ သိမ်းခံရတဲ့ အနေအထားမျိုးရှိတော့ ရန်သူရယ်၊ လူထုရယ် မခွဲတော့ပဲ အနိုင်ကျင့်နေတယ်”
ကရင်နီတော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေဟာ ၁၁.၁၁ စစ်ဆင်ရေးနဲ့အတူ ကရင်နီပြည်နယ် လွိုင် ကော်မြို့သိမ်း တိုက်ပွဲဆင်နွှဲနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေကလွဲပြီး ကျန်ဒေသအ များစုကို ထိန်းချုပ်ထားပါတယ်။ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးတွေ အခြေချရာ နေပြည်တော်နဲ့ မိုင် ၇၀ လောက်သာဝေးတဲ့ လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၉ ရက်နေ့ ပြုလုပ်တဲ့ ကောင်စီအစည်းအဝေးမှာ ပြောဆိုထားပါတယ်။
ဒါကြောင့် ကရင်နီ ပြည်နယ် လွိုင်ကော်မြို့သိမ်းတိုက်ပွဲ နောက်ဆုံးအခြေအနေ၊ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်မှု၊ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားပျက်စီးသွားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီ ဝါရင့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၁) ခူးဒန်နီရယ်နဲ့ ဆက်သွယ်မေးမြန်းချက်။
သံလွင်တိုင်းမ် – အရင်ဆုံးအနေနဲ့ ကရင်နီပြည်နယ်တစ်ခုလုံးရဲ့ နောက်ဆုံးစစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ခူးဒန်နီရယ် – စစ်ဆင်ရေးတွေစခဲ့ကြတာ အခုကမြို့ထဲတွေရောက်ကုန်ပြီ။ တိုက်တဲ့နေရာတွေလည်း တိုက်ကုန် ပြီ။ လူကတော့ တပ်ထဲမှာပဲ ကျန်တယ်။ တချို့က တပ်ရင်းအပြင်မှာရှိနေတုန်းပဲ။ မြို့ထဲရဲ့ အခြေအနေပါ။ တခြားမှာရှိတဲ့ တပ်စခန်းငယ်တွေလည်း တဖြည်းဖြည်းနဲ့ ပြန်ရုပ်ကြတယ်။ ဒီးမော့ဆိုဘက်နဲ့ မယ်စဲဘက်မှာရော ဒီအခြေအနေတွေ ရှိနေတယ်။
သံလွင်တိုင်းမ် – လွိုင်ကော်မြို့ပေါ်ကို တော်လှန်ရေးတပ်တွေဘက်က ၈၀ ရာခိုင်နှုန်းလောက် ထိန်းထားနိုင် ပြီဆိုတဲ့ သတင်းတွေလည်း တွေ့နေရပါတယ်၊ အဲဒီအပေါ်ဘာများပြောချင်ပါသလဲ။
ခူးဒန်နီရယ် – လွိုင်ကော်မြို့ပေါ်မှာက ၈၀ရာခိုင်နှုန်းလို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုရင် ဥပမာ-ဌာနချုပ် တပ်ရင်းရှိတဲ့ နေရာကအဓိကဖြစ်တယ်။ စစ်ရေးဌာနချုပ်လို တကယ်စစ်ရေးအမိန့်ပေးနိုင်တဲနေရာက ရှိနေ သေးတယ်။ အရင်က တိုက်လာတဲ့ဟာတွေကတော့ စခန်းချတဲ့နေရာတို့ပဲဖြစ်တယ်။ စစ်ရေးနဲ့ ပတ်သက်လာ ရင်တော့ ၈၀ရာခိုင်နှုန်း ပြောလို့မရသေးဘူး။ အုပ်ချုပ်ရေးမှာက ပြောလို့ရပါတယ်။ အုပ်ချုပ်ရေးက သူတို့အုပ် ချုပ်ရေး မချနိုင်တော့ဘူး။ အစိုးရရုံးတို့ ကောင်းကောင်းမလည်ပတ်နိုင်တော့ဘူး။ အုပ်ချုပ်ရေးနဲ့ ပက်သက်ရင် ၈၀ရာခိုင်နှုန်း ပြောလို့ရပေမယ့်လည်း စစ်ရေးဘက်မှာတော့ ၈၀ရာခိုင်နှုန်း ပြောလို့မရသေးဘူး။ အဓိကကျတာ က တပ်ရင်းဌာနချုပ်စခန်းရှိတဲ့ နေရာမှာဖြစ်နေတယ်။ နောက်မှာစစ်ရေးကွပ်ကဲညွှန်ကြားတဲ့ နေရာမှာဖြစ် နေတော့ အခုကအဲဒီနေရာက အရေးကြီးတဲ့နေရာက ရှိနေသေးတယ်။
သံလွင်တိုင်းမ် – လွိုင်ကော်မြို့သိမ်း တိုက်ပွဲအခြေအနေကရော ဘယ်လိုဆက်ရှိနေလဲ။ သိမ်းပိုက်နိုင်တော့မယ့် အခြေအနေလား။
ခူးဒန်နီရယ် – အဓိက အမိန့်ပေးကွပ်ကဲတဲ့နေရာ တကစတွေဖြစ်တယ်။ အခုလည်း တကစမှာက စကမှူးတို့ တိုင်းမှူးတွေစသဖြင့် အဲဒီမှာ သူတို့လည်း မရှိတော့ပါဘူး။ သူတို့က ၅၄တပ်ရင်းထဲမှာ သွားနေကြတယ်ဆိုတော့ အမိန့်ပေးတဲ့ ဦးစီးဦးဆောင်တဲ့ သူတွေရှိတဲ့နေရာကို ရောက်မှ ကိုယ်ကတိုက်နိုင်တယ်လို့ ပြောလို့ရမယ်။ ဘယ် လိုဖြစ်ဖြစ် အာဏာသိမ်းပြီးတည်းက စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းမယ်။ အဓိကက ရည်ရွယ်ချက် ရှိပြီး သားပဲ။ ကျွန်တော်တို့ အခက်အခဲရှိရင်လည်း ဒါကကျော်ဖြတ်ရမှာပဲ။ လူတိုင်းကတော့ အခက်အခဲရှိတယ်။ ကျွန်တော်တို့က မကျော်ဖြတ်နိုင်ရင် ဒီစစ်ဆင်ရေး ရည်မှန်းချက်က ရောက်မှာမဟုတ်ဘူး။
သံလွင်တိုင်းမ် – ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး မြို့ပေါ်မှာကျန်ခဲ့တဲ့အရပ်သားတွေကို စစ်ကောင်စီဘက်က သတ်ဖြတ် တာတွေ ရှိနေတယ်လို့လည်း ကြားသိရပါတယ်။ မြေပြင်မှာ ဘယ်လိုအခြေအနေတွေ ရှိနေပါလဲ။
ခူူးဒန်နီရယ် – သူတို့ကတော့ အထိနာထားတဲ့ အနေအထားမျိုးရှိတယ်။ စခန်းတွေတော်တော်များများ သိမ်းခံ ရတဲ့ အနေအထားမျိုးရှိတော့ ရန်သူရယ်၊ လူထုရယ် မခွဲတော့ပဲ အနိုင်ကျင့်နေတာပေါ့။ အဲဒါတွေကိုလည်း ကျွန်တော်တို့ တော်လှန်ရေးဘက်ကတော့ ပြောထားပြီးသားပါ။ လူထုကို အတတ်နိုင်ဆုံး ကာကွယ်စောင့် ရှောက်မယ်။ စစ်ကောင်စီရဲ့ ရန်ကိုတော့ အတတ်နိုင်ဆုံးရှောင်ပေါ့လေ။ ရှောင်ပေးပါလို့ ပြောထားတာတွေတော့ ရှိတယ်။ သို့သော် တချို့လူထုတွေကတော့ မရှောင်ချင်ရတဲ့ အကြောင်းအရင်းကလည်း တခြားနေရာသွားရင် လေ ဒီလိုပဲဖြစ်လာမှာပဲပေါ့။ အတတ်နိုင်ဆုံး ကိုယ့်ဘာသာ ရှောင်ကြဉ်ကြမယ်။ အဲဒီလိုမျိုးနဲ့ ကျန်ခဲ့တဲ့သူ တွေလည်း ရှိတယ်။ ကျန်တဲ့သူတွေရော သွားတဲ့သူတွေရော ကျွန်တော်တို့အနေနဲ့ ပြောစရာမရှိဘူး။ အတတ် နိုင်ဆုံးကတော့ စစ်ကောင်စီနဲ့ ရှောင်ဖို့ပဲပေါ့။ ကျန်တာတွေကတော့ ကျန်ခဲ့တဲ့ အိုးအိမ်စတာတွေကို အတတ် နိုင်ဆုံး ထိန်းသိမ်းတာတွေ ဆောင်ရွက်နေပါတယ်။
သံလွင်တိုင်းမ် – ကရင်နီတော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေရဲ့ ၁၁.၁၁ စစ်ဆင်ရေးစတင်ပြီးနောက် အရပ်သားထိခိုက်သေဆုံးမှု အခြေအနေက ဘယ်လိုရှိနေပါသလဲ။ ဒေသခံအရပ်သားပြည်သူတွေကို ကာကွယ်ပေးနိုင်ရေး ဘာတွေ လုပ်ဆောင်နေလဲ။
ခူးဒန်နီရယ် – ကျွန်တော်တို့ကတော့ ဒေတာအချက်အလက် သီးသန့်ရယ်လို့ စုထားတာမရှိဘူး။ ကျွန်တော်တို့ ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းပေးချက်အရ ၁၁.၁၁စစ်ဆင်ရေးနောက်ပိုင်းမှာ လူ၇၀လောက်တော့ တိုက်ခိုက်ခြင်းခံရတယ်။ တချို့လည်းပဲ စစ်ရှောင်နေတုန်း ထွက်သွားနေတုန်း အချိန်မှာပဲ သတ်ခံရတာတွေရှိတယ်။ အိမ်မှာနေတဲ့ ကျန်ခဲ့တဲ့လူတွေကလည်း စစ်ဆေးမေးမြန်းမှုမလုပ်ပဲ ပစ်လိုက်တာတွေ ရှိတယ်။ ကလေးအပါအဝင်ပေါ့။ ဒေတာအတိအကျတော့ မရှိဘူး။ ခုနက ပြောသလိုပဲ မြေပြင်မှာ လှုပ်ရှားနေတဲ့ IECရဲ့ တင်ပြချက်အရ ကျွန်တော်သိရတာဖြစ်တယ်။